Media
ဗီဇာကင်းလွတ်ခွင့်ဖြင့် ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏားကို ပထမဆုံးဝင်ရောက်သည့် အာဆီယံ ခရီးသွားအဖွဲ့
ကူမင်း၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)
ဖေဖော်ဝါရီလ ၁၈ ရက်တွင် ထိုင်းနှင့် လာအိုနိုင်ငံမှ ခရီးသည် ၁၅ ဦးသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏားသို့ ရောက်ရှိခဲ့ပါသည်။ ယင်းမှာ အာဆီယံနိုင်ငံများအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒကို အကောင်အထည်ဖော်ပြီးနောက် ပထမဆုံး ခရီးသွားအဖွဲ့ဖြစ်သည်။ ရှစ်ဆောင်ပဏ္ဏား ပြည်နယ်ခွဲ ယဉ်ကျေးမှုနှင့် ခရီးသွားဌာနက နိုင်ငံခြားခရီးသည်များအတွက် ထူးခြားသည့်ကြိုဆိုအခမ်းအနားကို ကျင်းပပေးခဲ့သည်။
ဤခရီးသည်အဖွဲ့သည် ရှစ်ဆောင်ပဏ္ဏား၏ ရှုခင်းသာနေရာများသို့ သွားရောက်လည်ပတ်မည်ဖြစ်ပြီး သဘာဝရှုခင်း၊ ဒေသအစားအစာနှင့် တိုင်းရင်းသားတို့၏ ဓလေ့ထုံးစံများကို ကိုယ်တိုင်ကိုယ်ကျတွေ့ကြုံခံစားမည်ဟု သိရသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရှစ်ဆောင်ပဏ္ဏားသို့ ဝင်ရောက်သည့် အာဆီယံနိုင်ငံများ၏ ခရီးသွားဧည့်သည်များအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒကို ဖေဖော်ဝါရီလ ၁၀ ရက်မှစတင်၍ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ယင်းနေ့တွင် တရုတ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနမှ ထုတ်ပြန်ခဲ့ပါသည်။
သင်ရော ခရီးသွားဖို့ အစီအစဉ်ရှိပါသလော။
……………………………………..
(Chinese Version)
首个东盟国家旅游团免签入境云南西双版纳
2月18日,15名来自泰国、老挝的游客到达西双版纳,成为东盟国家旅游团入境云南西双版纳免签政策施行后的首个旅游团,西双版纳州文化和旅游局在西双版纳站举行了特色欢迎仪式,迎接两国游客的到来。
据介绍,该旅游团将前往西双版纳州内各大景区,领略西双版纳的自然风光,体验当地美食和民族风情。
国家移民管理局2月10日发布公告,即日起,实施东盟国家旅游团入境云南西双版纳免签政策。
Continue Reading