Media
မြန်မာ့ဆန်တင်ပို့မှု ၁၁ လအတွင်း တန်ချိန် ၂.၃ သန်းကျော်ရှိ
ရန်ကုန်၊ မတ် ၁၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမ ၁၁ လတာ ကာလအတွင်း ဆန်နှင့် ဆန်ကွဲ တင်ပို့မှု တန်ချိန် ၂.၃၇ သန်းကျော် ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ယနေ့ (မတ် ၁၁ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။
လွန်ခဲ့သည့်နှစ် ဧပြီလမှ ယခုနှစ် ဖေဖော်ဝါရီလအထိ ၁၁ လတာကာလအတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၀၈၇ ဘီလီယံ ရရှိခဲ့ကြောင်း သိရသည်။
ယခုနှစ် ဖေဖော်ဝါရီလအတွင်း ဆန်နှင့် ဆန်ကွဲ စုစုပေါင်း ၁၂၉,၄၅၂ တန်ကျော် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်ထံမှ သိရသည်။
ယင်းကာလအတွင်း မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ပိုလန်နှင့် အီတလီအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်သို့ ပင်လယ်ရေကြောင်းလမ်းမှ ဆန်နှင့် ဆန်ကွဲများ တင်ပို့ခဲ့ကြောင်း သိရသည်။
၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသည် ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁ . ၆ သန်းကျော် တင်ပို့ခဲ့ပြီး ၀င်ငွေ ကန်ဒေါ်လာ ၈၄၅ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
………………………
(English Version)
Myanmar’s rice export exceeds 2.3 mln tons in 11 months
YANGON, March 11 (Xinhua) — Myanmar’s exports of rice and broken rice in the first 11 months of the 2024-25 fiscal year reached over 2.37 million tons, according to Myanmar Rice Federation on Tuesday.
The country earned 1.087 billion U.S. dollars from rice and broken rice exports during the 11 months, from April last year to February this year, the report said.
Of this total, over 129,452 tons of rice and broken rice were exported in February this year, the federation said.
During this period, Myanmar exported rice and broken rice via both sea and land routes to more than 30 countries, including Bangladesh, China, Poland, and Italy, the federation said.
In the 2023-24 fiscal year, Myanmar exported over 1.6 million tons of rice and broken rice, generating more than 845 million dollars in revenue, official data showed. Enditem