Connect with us

Media

မြန်မာနိုင်ငံက ၅ လတာ ကာလအတွင်း ဆန်တန်ချိန် ၁ သန်းကျော်တင်ပို့နိုင်ခဲ့

ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမငါးလတာကာလအတွင်း ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁.၀၄ သန်း တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ၏ စက်တင်ဘာ ၅ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံသည် ၂၀၂၅ ခုနှစ် ဧပြီလမှ သြဂုတ်လအထိ ငါးလတာကာလအတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၅၅ သန်း ဝင်ငွေရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
အဆိုပါကာလအတွင်း မြန်မာနိုင်ငံသည် ဆန်နှင့် ဆန်ကွဲများကို ပင်လယ်ရေကြောင်းနှင့် ကုန်လမ်းတို့မှ တစ်ဆင့် နိုင်ငံပေါင်း ၃၀ ကျော်သို့ တင်ပို့ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ယခုဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၃ သန်းတင်ပို့နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117