Media
တရုတ်နိုင်ငံအနေဖြင့် လက်ရှိ ပါလက်စတိုင်း-အစ္စရေးအခြေအနေအား အထူး ဂရုပြုလျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို
ပေကျင်း၊ မတ် ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် လက်ရှိ ပါလက်စတိုင်း-အစ္စရေးအခြေအနေအား အထူး ဂရုပြုလျက်ရှိကြောင်း၊ ဘက်အသီးသီးအနေဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စဉ်ဆက်မပြတ်ထိရောက်စွာ ဖော်ဆောင်မှုအား လက်တွေ့ကျကျတွန်းအားပေးနိုင်ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က မတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။
အစ္စရေးက ထိုနေ့နံနက်ပိုင်းတွင် ဂါဇာဒေသအား အကြီးစားတိုက်ခိုက်မှု စတင်လုပ်ဆောင်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား ချိုးဖောက်လိုက်ကြောင်း၊ ယခုအကြိမ် လှုပ်ရှားမှုကြောင့် လူ ၃၀၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၎င်းအနက် အများစုမှာ အမျိုးသမီးနှင့် ကလေးငယ်များဖြစ်ကာ တစ်ချိန်တည်းတွင် ပြည်သူများ သေဆုံးဒဏ်ရာရရှိမှုသည်လည်း ဆက်လက်တိုးပွားလျက်ရှိသည်ဟု သိရှိရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် လက်ရှိ ဂါဇာဒေသအခြေအနေအပေါ် မည်သို့ သုံးသပ်ပြောကြားလိုပါသနည်းဟု သတင်းထောက်တစ်ဦးက ယင်းနေ့ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းခဲ့ခြင်း ဖြစ်သည်။
“တရုတ်နိုင်ငံအနေနဲ့ လက်ရှိ ပါလက်စတိုင်း-အစ္စရေးအခြေအနေကို အထူး ဂရုပြုနေပါတယ်။ ပိုမိုကြီးမားတဲ့ လူသားချင်းစာနာမှု ကပ်ဘေးဖြစ်ပွားမှုအား တားဆီးရန် ဘက်အသီးသီးအနေဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ဆက်တိုက်ထိထိရောက်ရောက် ဖော်ဆောင်ရေးအတွက် လက်တွေ့ကျကျ တွန်းအားပေးဖို့၊ အခြေအနေ ပိုမိုဆိုးရွားလာနိုင်စေတဲ့ လုပ်ရပ်မှန်သမျှ လုပ်ဆောင်ခြင်းအား ရှောင်ကြဉ်ဖို့ မျှော်လင့်ပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။ (Xinhua)
……………………………
(Chinese Version)
外交部:中方高度关注当前巴以局势
新华社北京3月18日电(记者邵艺博、许可)外交部发言人毛宁18日表示,中方高度关注当前巴以局势,希望各方能够切实推动停火协议连续有效执行。
当日例行记者会上,有记者问:以色列今天凌晨对加沙地带发动大规模袭击,打破了停火协议。据了解,此次行动已造成至少300人死亡,其中大部分是妇女和儿童,同时平民伤亡还在增加。中方对当前加沙局势有何评论?
毛宁说:“中方高度关注当前巴以局势,希望各方能够切实推动停火协议连续有效执行,避免采取任何可能导致局势升级的举动,防止造成更大规模的人道主义灾难。”(完)