Connect with us

Media

တရုတ်နိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့ ပူးပေါင်း၍ Puysegur ချောက်ဆီသို့ ရေငုပ်၍သွားရောက်သည့် သမိုင်းဝင် စူးစမ်းလေ့လာရေးခရီး ပြီးမြောက်အောင်မြင်

တရုတ်နိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့မှ သိပ္ပံပညာရှင်များ ပူးပေါင်း၍ Puysegur ပင်လယ်ချောက်ဆီသို့ ရေငုပ်၍ စူးစမ်းလေ့လာရေးခရီး သွားရောက်မှုမှာ အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်ကာ ယင်းလေ့လာရေးခရီးအား တရုတ်သိပ္ပံအကယ်ဒမီ (CAS) ၏ Global Trench Exploration and Diving program (Global TREnD) က ပံ့ပိုးကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လူသားတွေဟာ သမိုင်းမှာ ပထမဆုံးအနေနဲ့ Puysegur ချောက်ရဲ့ အနက်ရှိုင်းဆုံးနေရာကို ‌ရောက်ရှိခဲ့ပါတယ်” ဟု အဆိုပါ ပူးတွဲသုတေသနဆိုင်ရာ စူးစမ်းလေ့လာရေးခရီး၏ သိပ္ပံပညာရှင် အကြီးအကဲ ဒူမန်ဂရန်က ဝယ်လင်တန်မြို့တွင် မတ် ၂၁ ရက်၌ ပြုလုပ်သည့် အဖွင့်နေ့လုပ်ငန်းစဉ်များ အဆုံးသတ်စဉ်အတွင်း ပြောကြားခဲ့သည်။

အဆိုပါမစ်ရှင်မှာ Puysegur ချောက်ဆီသို့ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာမှ သိပ္ပံနည်းကျ ‌ရေငုပ်စူးစမ်းလေ့လာမှုဖြစ်သလို တရုတ်နိုင်ငံနှင့် နယူးဇီလန်နိုင်ငံကြား ပူးပေါင်းလုပ်ဆောင်သည့် ဒုတိယမြောက် ပင်လယ်ရေနက်ပိုင်း စူးစမ်းလေ့လာရေးခရီးလည်းဖြစ်သည်။ (Xinhua)
………………………

(English Version)
China, New Zealand complete historic joint dive expedition to Puysegur Trench
Chinese and New Zealand scientists have successfully concluded a groundbreaking collaborative dive expedition to the Puysegur Trench, supported by the Chinese Academy of Sciences (CAS) Global Trench Exploration and Diving program (Global TREnD).

“For the first time in history, humans have reached the deepest point of the Puysegur Trench,” said Du Mengran, chief scientist of the joint research expedition, during the Concluding Open Day in Wellington on Friday.

The mission marked the first international scientific dive exploration of the Puysegur Trench and the second collaborative deep-sea expedition between China and New Zealand.