Connect with us

Media

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအား ထောက်ပံ့ပေးသည့် ပထမဆုံးအသုတ် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ကယ်ဆယ်ရေးနှင့် ကူညီရေးပစ္စည်းများ စတင်ပို့ဆောင်

ပေကျင်း၊ မတ် ၃၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအား ထောက်ပံ့ပေးသည့် ပထမဆုံးအသုတ် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ကယ်ဆယ်ရေးနှင့် ကူညီရေးပစ္စည်းများအား တရုတ်နိုင်ငံ ပေကျင်း မြို့တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မတ် ၃၁ ရက်တွင် စတင်ပို့ဆောင်ခဲ့သည်။
မြန်မာနိုင်ငံအစိုးရ၏ တောင်းဆိုချက်အရ တရုတ်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံဘက်သို့ ယွမ် သန်း ၁၀၀ တန်ဖိုးရှိသည့် လူသားချင်းစာနာမှု ငလျင်ကယ်ဆယ်ရေး အကူအညီများ ပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။ ပထမဆုံးအသုတ် ကူညီရေးပစ္စည်းများတွင် အဓိကအားဖြင့် ရွက်ဖျင်တဲ ၁,၂၀၀ လုံး၊ ခြုံစောင် ၈,၀၀၀၊ အရေးပေါ်ကယ်ဆယ်ရေးအိတ် ၄ သောင်းကျော်ပါဝင်ပြီး စင်းလုံးငှားလေယာဉ်ပုံစံဖြင့် ရန်ကုန်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (CIDCA) မှ သိရှိရသည်။
တရုတ်နိုင်ငံဘက်က မြန်မာဘက်သို့ သောက်သုံးရေ၊ စားသုံးရန်လွယ်ကူသော စားသောက်ကုန် စသည့် အရေးပေါ်လိုအပ်သော ပစ္စည်းများကိုလည်း ထောက်ပံ့သွားမည်ဖြစ်ပြီး လက်ရှိတွင် ကုန်ပစ္စည်းများအား အရေးပေါ်စုစည်းလျက်ရှိကာ မကြာရက်ပိုင်း၌ ငလျင်ဒဏ်သင့်ဒေသများသို့ ဆက်တိုက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………..
(Chinese Version)
中国政府向缅甸提供的首批紧急人道主义地震救灾援助物资启运
新华社照片,北京,2025年3月31日
当日,中国政府向缅甸提供的首批紧急人道主义地震救灾援助物资从北京首都国际机场启运。
应缅甸政府请求,中国政府决定向缅甸提供1亿元人民币紧急人道主义地震救灾援助。记者从国家国际发展合作署了解到,首批援助物资主要包括1200顶帐篷、8000条毛毯和4万余个急救包,以包机方式运往仰光。中方还将向缅方提供饮用水、方便食品等急需物资,正在抓紧组货,将于近日陆续运抵灾区。