Media
မြန်မာနိုင်ငံ ငလျင်ကယ်ဆယ်ရေး မစ်ရှင်ပြီးဆုံး၍ တရုတ်ကယ်ဆယ်ရေးအဖွဲ့များ အမိမြေသို့ ပြန်လည်ရောက်ရှိ
ပေကျင်း၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံသို့ သွားရောက်၍ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်သည့် တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့၊ တရုတ်နိုင်ငံ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့၊ တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ ကယ်ဆယ်ရေးအဖွဲ့တို့သည် နိုင်ငံတကာ ကယ်ဆယ်ရေးမစ်ရှင်များ အောင်မြင်စွာပြီးဆုံး၍ လေယာဉ်ဖြင့် စီးနင်းလိုက်ပါကာ တရုတ်နိုင်ငံ ပေကျင်း မြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ခဲ့ကြောင်း သတင်းထောက်က ဧပြီ ၉ ရက်တွင် တရုတ်နိုင်ငံ အရေးပေါ်စီမံခန့်ခွဲမှု ဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်ပြီးနောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ စုစည်းစီမံဖြန့်ကြက်မှုအရ တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့၊ တရုတ်နိုင်ငံ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့၊ တရုတ်နိုင်ငံ ယူနန်ကယ်ဆယ်ရေးဆေးအဖွဲ့တို့သည် တောတောင်ရေမြေများ ကျော်ဖြတ်၍ အကောင်းဆုံး တာဝန်ထမ်းဆောင်ခဲ့သည်။ လူမှုအသိုက်အဝန်း အရေးပေါ်တုံ့ပြန်မှုအင်အားအဖွဲ့ ၁၀ ဖွဲ့ကလည်း မိမိဆန္ဒအလျောက်ပါဝင်ကာ အမြန်ဆုံးသွားရောက်ကူညီပေးခဲ့သည်။
တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ကယ်ဆယ်ရေးအဖွဲ့သည် တူကီယဲနိုင်ငံငလျင်တွင် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်ခဲ့ပြီးနောက် နောက်ထပ်တစ်ကြိမ် တရုတ်နိုင်ငံ ပြည်မကြီးမှ ကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ နိုင်ငံတကာ ကယ်ဆယ်ရေးလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့သည်။ ယင်းသည် လတ်တလောနှစ်ပိုင်းအတွင်း တရုတ်နိုင်ငံမှ ပါဝင်သွားရောက်သူ လူဦးရေအများဆုံး၊ တုံ့ပြန်မှုအမြန်ဆုံးဖြစ်သော နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်ဆောင်မှု တစ်ကြိမ်ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သည့် ၁၀ ရက်ကျော်ကြာ အချိန်ကာလအတွင်း တရုတ်ကယ်ဆယ်ရေးအဖွဲ့များသည် ကျွမ်းကျင်မှုနှင့် ကြိုးပမ်းမှုများဖြင့် တရုတ်နိုင်ငံ၏ တာဝန်သိမှုကို ရေးသားတင်ဆက်လိုက်ပြီး တရုတ်နိုင်ငံ၏ အမြန်နှုန်း၊ တရုတ်နိုင်ငံ၏ နွေးထွေးမှုကို ဖော်ပြလိုက်ရာ မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူများ၏ များစွာအသိအမှတ်ပြုခြင်း ခဲ့ရကြောင်း၊ တစ်ကမ္ဘာလုံးထံသို့ “အခက်အခဲများကို စိတ်တူကိုယ်တူကျော်လွှားကာ အပြန်အလှန် ဖေးမကူညီသော” နိုင်ငံတကာ လူသားချင်းစာနာမှုစိတ်ဓာတ်နှင့် ခေတ်သစ် တရုတ်နိုင်ငံ၏ တာဝန်သိစိတ်ရှိသော နိုင်ငံကြီးပုံရိပ်ကို ပြသလိုက်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ အရေးပေါ်စီမံခန့်ခွဲမှု ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ်အတွင်း တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့၊ တရုတ်နိုင်ငံ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့၊ တရုတ်နိုင်ငံ ယူနန်ကယ်ဆယ်ရေးနှင့် ဆေးကုသရေးအဖွဲ့၊ တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ကယ်ဆယ်ရေးအဖွဲ့နှင့် လူမှုအသိုက်အဝန်း အရေးပေါ်တုံ့ပြန်မှုအင်အားအဖွဲ့ ၁၀ ဖွဲ့တို့သည် စိတ်တူကိုယ်တူညှိနှိုင်း၍ လက်တွဲလုပ်ဆောင်ခဲ့ရာ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတစ်ဦး အပါအဝင် အသက်ရှင်ကျန်ရစ်သူ ၉ ဦးအား အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ ၅၉ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ စတုရန်းမီတာ ၂၈၇,၀၀၀ ရှိ နေအိမ်အဆောက်အအုံနှင့် အရေးပါအခြေခံအဆောက်အအုံများကို ရှာဖွေစစ်ဆေးပေးခဲ့ပြီး ငလျင်သင့်ပြည်သူများအား အခမဲ့ဆေးကုသပေးမှု အကြိမ်ရေ ၂,၀၀၀ ကျော် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)
………………………
(Chinese Version)
中国救援队伍完成缅甸地震救援任务回国
新华社北京4月9日电(记者周圆、马卓言)记者9日从应急管理部获悉,当日下午,赴缅甸开展地震救援的中国救援队、中国国际救援队、中国香港特区救援队圆满完成国际救援任务,乘机飞抵北京首都国际机场。
缅甸地震发生后,按照党中央统一部署,中国救援队、中国国际救援队、中国云南救援医疗队跨越山海、尽锐出战;10支社会应急力量主动请缨、迅速驰援;中国香港特区救援队继土耳其地震救援后,再次与内地救援队伍开展国际救援行动。这是近年来我国出动人数最多、响应速度最快的一次国际救援。
应急管理部负责人表示,在过去10余天时间里,中国救援队伍用专业与汗水书写了中国担当,展现了中国速度、中国温度,得到了缅甸政府和人民的高度肯定,向全世界展示了“和衷共济、守望相助”的国际人道主义精神和新时代中国负责任大国形象。
据了解,在缅甸开展地震救援期间,中国救援队、中国国际救援队、中国云南救援医疗队、中国香港特区救援队和10支社会应急力量齐心协力、并肩作战,成功营救出包括1名孕妇在内的9名幸存者,搜寻到59具遇难者遗体,搜索排查28.7万平方米的房屋建筑和重要基础设施,开展受灾群众义诊2000余人次。(完)