Media
တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအတွက် ၆ ကြိမ်မြောက် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ကယ်ဆယ်ရေးပစ္စည်းပေးအပ်
ရန်ကုန်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အစိုးရက မြန်မာနိုင်ငံကို ထောက်ပံ့ပေးသည့် ၆ ကြိမ်မြောက် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ကယ်ဆယ်ရေးဆိုင်ရာ အကူအညီပစ္စည်းများသည် ဧပြီ ၁၁ ရက်တွင် မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။ အဆိုပါ အကူအညီပစ္စည်းများရောက်သည့်ရက်တွင် မိုးရွာသွန်းခဲ့ရာ အရေးပေါ် လူသားချင်းစာနာမှု ငလျင်ကယ်ဆယ်ရေးပစ္စည်းများ အချိန်မီ ဖြန့်ဝေပေးနိုင်ရန် မိုးရေများကြားထဲ လုပ်အားပေးများက ကြိုးစားလုပ်ဆောင်နေမှုများကို မြင်တွေ့ရသည်။ (Xinhua)