Connect with us

Media

မြန်မာနိုင်ငံက ငလျင်ဒဏ်သင့် သေဆုံးသူများအတွက် တစ်မိနစ် ငြိမ်သက်၍ ဦးညွှတ်ဂါရဝပြု

ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

ဧပြီ ၁ ရက်တွင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးက ငလျင်ဒဏ်သင့် သေဆုံးသူများအတွက် တစ်မိနစ် ငြိမ်သက်၍ ဦးညွှတ်ဂါရဝပြုခဲ့သည်။
ငလျင်ဒဏ်သင့်၍ သေဆုံးသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ဒေသစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်တွင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး၌ အချက်ပေးဥဩဆွဲသံများပေါ်ထွက်လာခဲ့သည်။
မြန်မာနိုင်ငံ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအာင်လှိုင်သည် မတ် ၃၁ ရက်မှ ဧပြီ ၆ ရက်အထိအား နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် သတ်မှတ်ကြေညာကြောင်း မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ မတ် ၃၁ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)

————————-
(Chinese Version)
缅甸为地震遇难者默哀一分钟
新华社仰光4月1日电(记者黎广滔)4月1日,缅甸全国为地震遇难者默哀一分钟。
当地时间12时51分02秒,缅甸全国响起警报,以悼念地震遇难者。
缅甸国家管理委员会3月31日发表声明说,缅甸领导人敏昂莱当天宣布,将3月31日至4月6日定为缅甸地震全国哀悼周。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.