Media
ငလျင်ဘေးဒဏ်သင့်မှု အခြေအနေ အကဲဖြတ်မှုလုပ်ဆောင်ရန် တရုတ်ကျွမ်းကျင်ပညာရှင်အဖွဲ့ မြန်မာနိုင်ငံသို့လာရောက်

ပေကျင်း၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံအစိုးရ၏ တောင်းဆိုချက်အရ တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအား အကူအညီပေးသည့် ငလျင်ဘေးဒဏ်သင့်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေ စုံစမ်းစစ်ဆေးရေးနှင့် အကဲဖြတ်ရေးအဖွဲ့သည် မကြာသေးမီက မြန်မာနိုင်ငံသို့ သွားရောက်၍ စုံစမ်းစစ်ဆေးရေးနှင့် အကဲဖြတ်မှုတာဝန်များလုပ်ဆောင်ပြီး ကပ်ဘေးအလွန် ပြန်လည်ထူထောင်ရေးနှင့် ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လျှော့ချရေးအတွက် အရေးပါသော သိပ္ပံနည်းကျအထောက်အထားများ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းထောက်က တရုတ်ငလျင်စီမံခန့်ခွဲရေးဌာန (CEA) မှ သိရှိရသည်။
ဘေးဒဏ်သင့်မှုအခြေအနေ စုံစမ်းစစ်ဆေးရေးနှင့် အကဲဖြတ်ရေးအဖွဲ့ကို CEA မှ ဦးဆောင် ဖွဲ့စည်းထားခြင်းဖြစ်ပြီး CEA ၊ တရုတ်နိုင်ငံ ငလျင်ရှာဖွေကယ်ဆယ်ရေးစင်တာ၊ ထုံကျိတက္ကသိုလ်၊ ဟားအယ်ပင်း နည်းပညာတက္ကသိုလ်၊ တရုတ်နိုင်ငံ အဆောက်အအုံဆိုင်ရာ သုတေသနအကယ်ဒမီ (CABR) စသည့် ကျွမ်းကျင်အဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်ပေါင်း ၃၀ ခန့်ဖြင့် ဖွဲ့စည်းထားသည်။ ယင်းသည် မြန်မာနိုင်ငံ၏ သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းများကို အရေးပေါ်ကယ်ဆယ်ရေးမှ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးအဖြစ် ပြောင်းလဲပြီးနောက် တရုတ်နိုင်ငံ နိုင်ငံတော်၏ တာဝန်အပ်နှင်းမှုဖြင့် ငလျင်ဒဏ်သင့်ဒေသသို့ စေလွှတ်သော ပထမဆုံး ကျွမ်းကျင်အကဲဖြတ်မှုအဖွဲ့ ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဘေးဒဏ်သင့်မှုအခြေအနေ စုံစမ်းစစ်ဆေးရေးနှင့် အကဲဖြတ်ရေးအဖွဲ့သည် ရန်ကုန်၊ ပဲခူး၊ နေပြည်တော် ဒေသသုံးခု၏ ဘေးဒဏ်သင့်မှုအခြေအနေအား စုံစမ်းစစ်ဆေးရေးနှင့် အကဲဖြတ်မှု တာဝန်များ ထမ်းဆောင်ပြီးဖြစ်ကာ အထက်ပါဒေသ၏ ငလျင်ပြင်းအားနှင့် အတိုင်းအတာကို အတည်ပြုခဲ့ပြီး ထိခိုက်ပျက်စီးသော အိမ်များအား အရေးပေါ်စီမံခြင်းနှင့် ပြန်လည်ပြုပြင်မွမ်းမံခြင်းအတွက် အကြံပြုချက်များ ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ဘေးဒဏ်သင့်မှုအခြေအနေ စုံစမ်းစစ်ဆေးရေးနှင့် အကဲဖြတ်ရေးအဖွဲ့သည် မန္တလေးသို့ သွားရောက်၍ စုံစမ်းစစ်ဆေးရေးနှင့် အကဲဖြတ်မှုများ ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)
………………….
(Chinese Version)
中国专家组赴缅开展地震灾害评估工作
新华社北京4月24日电(记者周圆、魏弘毅)记者从中国地震局获悉,应缅甸政府请求,中国政府援缅甸地震灾害损失调查与评估组日前赴缅开展灾害损失调查评估任务,为灾后重建和防灾减灾提供重要科学依据。
灾评组由中国地震局牵头组建,汇聚了来自中国地震局、中国地震搜救中心、同济大学、哈尔滨工业大学、中国建筑科学研究院等专业机构的约30名权威专家。据悉,这也是缅甸救灾工作由应急救援转向疫情防控和恢复重建后,第一支受国家委派赴地震灾区的专业评估队伍。
目前灾评组已完成仰光、勃固、内比都三地灾害调查和评估任务,确定了以上地区的地震烈度和范围,提出受损房屋应急处置和修复建议。灾评组已转场至曼德勒,继续开展调查和评估。(完)