Connect with us

Media

တရုတ်နိုင်ငံက နိုင်ငံလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆိုင်ရာဥပဒေပြုရေးအတွက် တွန်းအားပေး

ပေကျင်း၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် နိုင်ငံလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် စပ်လျဉ်းသည့် ဥပဒေပြုရေးအတွက် တွန်းအားပေးဆောင်ရွက်လျက်ရှိကာ ဥပဒေပြုအမတ်များထံ တင်သွင်းထားသော ဥပဒေမူကြမ်း တစ်စောင်အား ဧပြီ ၂၇ ရက်၌ အလေးအနက် သုံးသပ်သွားမည်ဖြစ်ကြောင်း သိရသည်။
(၁၄) ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီသည် လေးရက်ကြာ ကျင်းပမည့် ၁၅ ကြိမ်မြောက် အစည်းအဝေးအား ပေကျင်းမြို့တွင် ဧပြီ ၂၇ ရက်၌ စတင်ပြုလုပ်ခဲ့သည်။
ထိုဥပဒေကြမ်းမှာ တရုတ်နိုင်ငံ၏ မက်ခရိုစီးပွားရေးဆိုင်ရာ စီမံခန့်ခွဲရေးမူဘောင် ပိုမိုပြည့်စုံကောင်းမွန်စေရေး၊ နိုင်ငံလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၏ မဟာဗျူဟာမြောက် အခန်းကဏ္ဍကို အပြည့်အဝ ဖော်ထုတ်ရေး၊ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်အားပေးရေး၊ နိုင်ငံလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုစနစ်နှင့် စွမ်းဆောင်ရည်များ ခေတ်မီအသွင်ပြောင်းမှုကို ရှေ့ဆက်ဖော်ဆောင်ရေးတို့အတွက် ရည်ရွယ်ခြင်းဖြစ်သည်။ နိုင်ငံလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၌ ကာလကြာမြင့်စွာ တည်ရှိခဲ့သည့် လုပ်ထုံးလုပ်နည်းများကိုလည်း တရားဝင် အတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဥပဒေကြမ်းတွင် အခန်းကဏ္ဍလေးရပ်၊ အပိုဒ်ခွဲ ၃၁ ခုတို့ ပါဝင်ကာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ဆက်စပ်လွှမ်းခြုံမှုရှိသော ပြဋ္ဌာန်းချက်များ၊ အစီအမံများ ဖော်ထုတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ယင်းတို့အား လက်တွေ့အကောင်အထည်ဖော်မည့် ယန္တရားများကို ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/3a1
………………………
(English Version)
China pushes for legislation on national development planning
BEIJING, April 27 (Xinhua) — China is pushing for the legislation on national development planning with a draft law submitted to lawmakers for deliberation on Sunday.
The Standing Committee of the 14th National People’s Congress (NPC) started to hold its four-day 15th session on Sunday in Beijing.
The draft law aims to improve the country’s macroeconomic governance framework, give play to the strategic role of national development planning, promote high-quality development, and advance the modernization of the national governance system and capabilities. The longstanding practices in national development planning will be legally formalized.
The draft law consists of four chapters and 31 articles, outlining the overarching requirements for development planning, procedures for formulating plans, and mechanisms for their implementation. xhtxs.cn/3a1

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.