Connect with us

Media

တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်ကို CELAC နှင့်အတူ လက်တွဲဆောင်ရွက်မည်

ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်အား အကောင်အထည်ဖော် ဆောင်ရွက်ရန် လက်တင်အမေရိကနှင့် ကာရေဘီယံ နိုင်ငံများနှင့်အတူတကွ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မေ ၁၃ ရက်၌ ပြောကြားခဲ့သည်။
သမ္မတ ရှီက တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံ နိုင်ငံများ အသိုက်အဝန်း (CELAC) ဖိုရမ် စတုတ္ထအကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေး ဖွင့်ပွဲအခမ်းအနား မိန့်ခွန်း၌ အထက်ပါအတိုင်းမှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။
နှစ်ဖက်အနေဖြင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု၊ ဆိုက်ဘာလုံခြုံရေး၊ အကြမ်းဖက်တိုက်ဖျက်ရေး၊ လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးနှင့် နိုင်ငံဖြတ်ကျော်ကွင်းဆက်မှုခင်းများ တိုက်ဖျက်ရေး၌ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်ဆောင်ရွက်ရမည်ဖြစ်ကာ ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း သမ္မတ ရှီက ဆိုသည်။ (Xinhua)
……………………
(English Version)
China to work with Latin American and Caribbean countries to implement Global Security Initiative: Xi
BEIJING, May 13 (Xinhua) — China is willing to work with the Latin American and Caribbean countries to implement the Global Security Initiative, Chinese President Xi Jinping said on Tuesday.
Xi made the remarks in a speech at the opening ceremony of the fourth ministerial meeting of the China-CELAC (Community of Latin American and Caribbean States) Forum in Beijing.
Both sides should strengthen cooperation in disaster management, cybersecurity, counter-terrorism, anti-corruption, drug control and combating transnational organized crime, and strive to maintain regional security and stability, Xi said.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.