Media
အန်ဆယ်လော့တီအား ဘရာဇီးနည်းပြအဖြစ် ခန့်အပ်မှုအပေါ် ကြိုဆို
ဘရာဇီး လက်ရွေးစင်ဘောလုံးအသင်း (အမျိုးသား) ၏ နည်းပြချုပ်အဖြစ် ကာလို အန်ဆယ်လော့တီအား ခန့်အပ်မှုအပေါ် ဘရာဇီးမီဒီယာများက စိတ်သက်သာရာရမှု၊ အကောင်းမြင်မှုတို့ဖြင့် ကြိုဆိုခဲ့ကြပြီး အဆိုပါ အီတလီနိုင်ငံသားနည်းပြ ရောက်ရှိလာခြင်းက ဘရာဇီးအသင်း၏ ကိုယ်ပိုင်အမှတ်သညာ ပြန်လည်တည်ဆောက်နိုင်ရန် ကာလကြာရှည် မျှော်လင့်ခဲ့ရသော အချိုးအကွေ့ကာလ ဖြစ်သည်ဟုလည်း ချီးကျူးခဲ့ကြသည်။
အန်ဆယ်လော့တီမှာ ဘရာဇီး ဘောလုံးအဖွဲ့ချုပ်အနေဖြင့် အသင်းအား ဖရိုဖရဲအခြေအနေ၌ သံသရာလည်နေခြင်းကို အဆုံးသတ်ရန် လောင်းကြေးထပ်မှု ဖြစ်သည်ဟု Folha de S.Paulo သတင်းစာက ညွှန်းဆိုခဲ့သည်။
အဆိုပါ ဝါရင့်နည်းပြအနေဖြင့် ပြီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးကတည်းကပင် အခြေအနေယိမ်းယိုင်နေခဲ့သည့် အသင်းအား ထိန်းကျောင်းနိုင်ရန် တစ်နှစ်ကျော်သာ အချိန်ရရှိမည်ဟု ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားကို ရည်ညွှန်းလျက် ၎င်းသတင်းစာက ထောက်ပြပြောဆိုခဲ့သည်။ အသက် ၆၅ နှစ်အရွယ် အန်ဆယ်လော့တီ ရောက်ရှိလာချိန်တွင် တူညီသော ပြဿနာများရှိနေသည့် ဘောလုံးအဖွဲ့ချုပ်၏ စီမံခန့်ခွဲမှုအောက်တွင် ပြဿနာပေါင်းစုံရှိနေသည့် နိုင်ငံလက်ရွေးစင် အသင်းတစ်သင်း၌ စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ရန် လိုအပ်နေသည်ဟုလည်း ထိုသတင်းစာက အခိုင်အမာဖော်ပြခဲ့သည်။
ထို့အတူ CBF ဥက္ကဋ္ဌ အက်နာလ်ဒို ရော့ဒရီဂက်စ်အနေဖြင့် ရီးရဲလ်မှထွက်ခွာမည့် နည်းပြအန်ဆယ်လော့တီအား အသင်းထံခေါ်ဆောင်နိုင်ရန် နှစ်နှစ်အချိန်ယူခဲ့ရသည်ဟုလည်း Folha de S.Paulo သတင်းစာက ဖော်ပြခဲ့သည်။
Globo Esporte သတင်းစာကလည်း ပါးမား၊ ရိုးမားနှင့် အေစီမီလန်အသင်းတို့တွင် ကစားခဲ့ဖူးပြီး ၁၉၉၅ ခုနှစ်တွင် နည်းပြလောကထဲသို့ ကူးပြောင်းလာခဲ့သည့် အန်ဆယ်လော့တီအနေဖြင့် ဇွန်လအတွင်း အီကွေဒေါ၊ ပါရာဂွေးအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် စတင်ပြင်ဆင်လျက်ရှိပြီး အသင်းလူစာရင်းအား ဖြည့်တင်းရန် အလားအလာရှိ မျက်နှာသစ်ကစားသမားများကို စုစည်းလျက်ရှိသည်ဟု ဖော်ပြခဲ့သည်။ (Xinhua)
………………
(English Version)
Brazilian media welcomes Ancelotti appointment with relief and hope
Brazil’s media reacted with relief and optimism to the naming of Carlo Ancelotti as head coach of the men’s national football team, hailing the Italian’s arrival as a long-awaited turning point for a squad in search of identity.
Folha de S.Paulo described Ancelotti as “the Brazilian Football Confederation’s bet to fix the team at the end of a chaotic cycle.”
The paper noted that the veteran coach “has just over a year to give direction to a team adrift since the last World Cup,” alluding to the 2026 edition of football’s showpiece event. It argued that the 65-year-old’s arrival was needed to “establish some cohesion in a national team full of problems, run by a federation with the same issues.”
Folha also pointed out that CBF president Ednaldo Rodrigues had spent two years trying to woo the outgoing Real Madrid boss.
Globo Esporte added that the former Parma, Roma, and AC Milan midfielder, who turned to management in 1995, had already begun preparing for Brazil’s June World Cup qualifiers against Ecuador and Paraguay, assembling a list of potential new names for the squad.