Media
တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်းသုံး Lijian-1 Y7 သယ်ဆောင်ရေးဒုံးပျံယာဉ် လွှတ်တင်
တရုတ်နိုင်ငံက ဂြိုဟ်တုခြောက်စင်း တင်ဆောင်ထားသည့် Lijian-1 Y7 သယ်ဆောင်ရေးဒုံးပျံယာဉ်အား မေ ၂၁ ရက်က လွှတ်တင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဒုံးပျံယာဉ်အား တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ စီးပွားဖြစ် လေကြောင်းနှင့် အာကာသ တီထွင်ဆန်းသစ်မှု ရှေ့ပြေးစမ်းသပ်ဇုန်မှ ပေကျင်းစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ကာ သတ်မှတ်ဂြိုဟ်ပတ်လမ်းများထဲသို့ ဂြိုဟ်တုအစုအဝေးတစ်ခုကို ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းဂြိုဟ်တုလွှတ်တင်မှုမှာ Lijian-1 သယ်ဆောင်ရေးဒုံးပျံစီးရီး၏ ခုနစ်ကြိမ်မြောက် ပျံသန်းမှုမစ်ရှင်လည်းဖြစ်သည်။ (Xinhua)
……………………..
(English Version)
China launches commercial Lijian-1 Y7 carrier rocket
China on Wednesday launched the Lijian-1 Y7 carrier rocket with six satellites onboard. The rocket blasted off at 12:05 p.m. (Beijing Time) from a commercial aerospace innovation pilot zone in northwest China, and sent a group of satellites into the planned orbits. This launch marks the seventh flight mission of the Lijian-1 carrier rocket series.