Connect with us

Media

အဲရစ်တန်ဟက်အား လေဗာကူဆင်အသင်း နည်းပြချုပ်အဖြစ် ခန့်အပ်

ဘွန်ဒက်စ်လီဂါတွင် ဒုတိယရရှိခဲ့သည့် လေဗာကူဆင်အသင်းက နည်းပြချုပ်သစ်အဖြစ် အဲရစ်တန်ဟက်အား ခန့်အပ်လိုက်ကြောင်း ကလပ်အသင်းက မေ ၂၆ ရက်၌ အတည်ပြုကြေညာခဲ့သည်။ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့သွားသည့် နည်းပြဖြစ်သူ ဇာဘီ အလွန်ဆို၏နေရာတွင် တန်ဟက်အား အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်အား နောက်ဆုံးကိုင်တွယ်ခဲ့သည့် အသက် ၅၅ နှစ်အရွယ် ဒတ်ချ်နည်းပြမှာ ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိသော စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် ဇူလိုင် ၁ ရက်တွင် အသင်းအား စတင်တာဝန်ယူမည်ဖြစ်ကာ ဩဂုတ် ၁၅ ရက်မှ ၁၈ ရက်အထိ ယှဉ်ပြိုင်ကစားမည့် DFB ဖလားပြိုင်ပွဲ ပထမအဆင့်တွင် ပွဲဦးထွက် ကိုင်တွယ်သွားမည်ဖြစ်သည်။ (Xinhua)
……………………….
(English Version)
Erik ten Hag named new Bayer Leverkusen head coach
Bayer Leverkusen has appointed Erik ten Hag as its new head coach, following the departure of Xabi Alonso to Real Madrid, the Bundesliga runner-up announced on Monday.
The 55-year-old Dutchman, who most recently managed the Premier League team Manchester United, has signed a contract until 2027. He will take charge on 1 July, with his first competitive match scheduled for the first round of the DFB Cup between 15 and 18 August.