Media
တရုတ်နိုင်ငံက ၁၁ ကြိမ်မြောက် အရေးပေါ် လူသားချင်းစာနာမှု အကူအညီများ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်
ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအစိုးရမှ ထပ်မံပေးပို့သည့် ၁၁ ကြိမ်မြောက် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ရေးအကူအညီပစ္စည်းများကို မေလ ၃ ရက်တွင် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ထောက်ပံ့ရေး ပစ္စည်းများ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက လက်ခံရယူခဲ့ကြောင်း သိရသည်။ အဆိုပါ ကူညီရေး ပစ္စည်းများတွင် ယာယီခိုလှုံနေရာများ ပံ့ပိုးပေးနိုင်ရန်အတွက် အသင့်တပ်ဆင်ရန် နေအိမ် ၃၄၀ လုံးပါဝင်ကြောင်း သိရသည်။ မတ် ၂၈ ရက်တွင် ပြင်းအား ၇ ဒသမ ၉ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် မေလ ၂ ရက်အထိ ငလျင်ကြောင့် လူ ၃,၈၃၉ ဦး သေဆုံးကာ၊ ၅,၁၀၅ ဦး ဒဏ်ရာရရှိပြီး ၁၀၁ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ (Xinhua)