Connect with us

Media

လီဗာပူးလ်အသင်းရဲ့ အင်္ဂလန်လက်ရွေးစင် ခံစစ်အစွန်လူ အလက်ဇန်းဒါး အာနိုးက လီဗာပူးလ်အသင်းမှ ထွက်ခွာကာ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ဖွယ်ရှိ

လီဗာပူးလ်အသင်း၏ အင်္ဂလန်လက်ရွေးစင် ခံစစ်အစွန်လူ ထရန့် အလက်ဇန်းဒါး အာနိုးမှာ လာမည့်ဇွန်လကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးချိန်၌ အသင်းမှထွက်ခွာမည်ဖြစ်ကြောင်း မေ ၅ ရက်၌ အတည်ပြုပြောဆိုခဲ့သည်။

အလက်ဇန်းဒါး အာနိုးက ထုတ်ပြန်ချက်တစ်စောင်၌ အဆိုပါ သတင်းကို အတည်ပြုခဲ့ခြင်းဖြစ်ကာ ၎င်းအနေဖြင့် အသက်ခြောက်နှစ်အရွယ်တွင် အသင်းသို့ ရောက်ရှိချိန်မှစ၍ နှစ် ၂၀ ကြာ ဖြတ်သန်းခဲ့စဉ်အတွင်း အားပေးပံ့ပိုးခဲ့သည့် ကလပ်အသင်းကိုရော ပရိသတ်များကိုပါ ကျေးဇူးတင်ကြောင်း ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“အဦးဆုံးအနေနဲ့ ဒါက လွယ်ကူတဲ့ဆုံးဖြတ်ချက် မဟုတ်ခဲ့ဘူးလို့ပဲ ပြောချင်ပါတယ်။ ဒီဆုံးဖြတ်ချက်အတွက် ခံစားချက်ပေါင်းများစွာ၊ အတွေးပေါင်းများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော် ဒီအသင်းမှာရှိနေခဲ့တာ နှစ် ၂၀ ရှိပြီဖြစ်ပြီး ကုန်ဆုံးခဲ့တဲ့ မိနစ်တိုင်းကို မြတ်နိုးတန်ဖိုးထားပါတယ်။ ကျွန်တော့်ရဲ့ မျှော်လင့်ချက်အားလုံး ပြည့်ဝသွားပြီဖြစ်သလို ကျွန်တော် ဒီမှာလိုချင်ခဲ့တဲ့ အရာအားလုံးကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါပြီ” ဟု အသက် ၂၆ နှစ်အရွယ် အာနိုးက ပြောကြားခဲ့သည်။

ဘောလုံးသမားတစ်ဦး၊ လူသားတစ်ဦးအနေဖြင့် အပြောင်းအလဲသစ်၊ စိန်ခေါ်မှုအသစ်တို့ကို လိုအပ်လာပြီဖြစ်ကြောင်း၊ ယခုအချိန်မှာ ထိုသို့လုပ်ဆောင်ရန် အချိန်တန်ပြီဟု မိမိအနေဖြင့် ယူဆကြောင်း နောက်ခံလူ အာနိုးက ဆိုသည်။

အလက်ဇန်းဒါး အာနိုးမှာ ယခုရာသီကုန်၌ စာချုပ်သက်တမ်းကုန်ဆုံးမည့် လီဗာပူးလ်ကစားသမား သုံးဦးအနက် တစ်ဦးအပါအဝင်ဖြစ်ကာ တိုက်စစ်မှူး မိုဟာမက်ဆာလာနှင့် ဗဟိုနောက်ခံလူ ဗာဂျယ် ဗန်ဒိုက်တို့ နှစ်ဦးစလုံးမှာမူ ဧပြီလ၌ နှစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြသည်။ (Xinhua)

…………………….
(English Version)

Alexander Arnold confirms Liverpool departure with Real Madrid likely destination

Liverpool’s England international full-back Trent Alexander-Arnold confirmed on Monday that he will leave the club when his contract expires at the end of June.

Alexander Arnold gave the news in a communique which he published in which he thanked the club and fans for the support he had received during his 20 years at the club he joined as a six-year-old.

“I think first and foremost, I want to say it’s not an easy decision and there’s a lot of thought and feeling that has gone into it. I’ve been here 20 years now, loved every single minute of it, achieved all my dreams, achieved everything I’ve ever wanted to here,” said the 26-year-old.

The defender said he needed “a new change, a new challenge for me as a player and as a person. And I think now is the right time for me to do that.”

Alexander Arnold was one of three Liverpool players out of contract at the end of the season, but striker Mohamed Salah and central defender Virgil van Dijk both signed new two-year deals in April.