Media
ကစားသမားဘဝ အကောင်းဆုံးအချိန်ကို ပိုင်ဆိုင်ထားသော ဝါရင့် တရုတ်အမျိုးသမီး ရေခဲပြင်ဟော်ကီကစားသမား ယွီပိုင်ဝေ
အသက် ၃၆ နှစ်အရွယ်၌ အားကစားသမားအများစုမှာ အကျပိုင်းသို့ ရောက်ရှိလာပြီဖြစ်သော်လည်း ထိုအယူအဆမှာ တရုတ်အမျိုးသမီး ရေခဲပြင်ဟော်ကီအသင်း ကပ္ပတိန်ဖြစ်သူ ယွီပိုင်ဝေအတွက်သက်ရောက်မှုမရှိပေ။
“ကျွန်မရဲ့ကြံ့ခိုင်မှုအပေါ် တစ်ယောက်ယောက်က သံသယရှိတယ်ဆိုရင် ကျွန်မ ရေခဲပြင်ဟော်ကီ ကစားတဲ့အချိန်မှာ လာကြည့်လိုက်ပါ” ဟု ၎င်းက ဆိုသည်။
ဧပြီလတွင် တရုတ်နိုင်ငံ တောင်ပိုင်း ဆန်းကျန့်မြို့၌ ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် IIHF Women’s World Championship ပြိုင်ပွဲ Division I အုပ်စု-A ပွဲစဉ်များတွင် အဆိုပါ ဝါရင့်ကစားသမားမှာ တရုတ်အသင်း၏ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသည်။ (Xinhua)
………………………
(English Version)
Chinese ice hockey veteran Yu defies age to reach career peak
At 36, most athletes are winding down their careers. But Yu Baiwei, captain of China’s women’s ice hockey team, is unfazed by this notion.
“If anyone doubts my fitness, just watch me when I hit the ice,” she said.
At the 2025 IIHF Women’s World Championship Division I Group A, held in the southern Chinese city of Shenzhen in April, the veteran was named China’s best player.