Media
ပိုလန်လက်ရွေးစင်အသင်းမှ လီဝန်ဒေါစကီး နုတ်ထွက်
နည်းပြချုပ်ဖြစ်သူ Michal Probierz အပေါ် အယုံအကြည်မရှိသည့်အတွက် ပိုလန်လက်ရွေးစင်အသင်းမှ နုတ်ထွက်ကြောင်း တိုက်စစ်မှူး လီဝန်ဒေါစကီးက ဇွန် ၈ ရက်၌ ကြေညာခဲ့သည်။
အသက် ၃၆ နှစ်အရွယ် လီဝန်ဒေါစကီးမှာ ပိုလန်အသင်းအတွက် ၁၅၈ ပွဲ ပါဝင်ကစားထားပြီး ၈၅ ဂိုး သွင်းယူထားကာ အသင်း၏ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားဖြစ်သလို ၂၀၁၄ ခုနှစ်ကတည်းက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူလည်းဖြစ်သည်။ သို့သော် နည်းပြ Probierz ကိုင်တွယ်နေသမျှကာလပတ်လုံး ၎င်းအနေဖြင့် အသင်းအတွက် ကိုယ်စားပြုကစားပေးတော့မည် မဟုတ်ကြောင်း ဘာစီလိုနာ တိုက်စစ်မှူးက ပြောကြားခဲ့သည်။
ကွင်းလယ်ကစားသမား ပီယော့တာ ဇယ်လင်စကီက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း နည်းပြ Probierz က လီဝန်ဒေါစကီးအား အသိပေးခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးကြား ဆက်ဆံရေး အဆင်မပြေမှုမှာ လူသိရှင်ကြား ဖြစ်လာခဲ့ခြင်းဖြစ်သည်။
“နည်းပြ Michal Probierz ရဲ့ ဆုံးဖြတ်ချက်အရ ပီယော့တာ ဇယ်လင်စကီဟာ ပိုလန်အသင်းရဲ့ အသင်းခေါင်းဆောင်သစ် ဖြစ်လာပါပြီ။ နည်းပြဖြစ်သူကလည်း ရောဘတ်လီဝန်ဒေါစကီးကိုတင်မကဘဲ တစ်သင်းလုံးကိုရော ထရိန်နင်ဝန်ထမ်းတွေကိုပါ အသိပေးပြီးပါပြီ” ဟု ပိုလန်ဘောလုံးအဖွဲ့ချုပ် (PZPN) က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက် ထုတ်ပြန်ပြီး မရှေးမနှောင်းတွင် လီဝန်ဒေါစကီးက သီးခြား ကြေညာချက်ထုတ်ပြန်ကာ အသင်းမှနုတ်ထွက်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ (Xinhua)
………………………
(English Version)
Lewandowski quits Poland national team amid rift with coach
Robert Lewandowski has withdrawn from the Poland national team, citing a “loss of trust” in head coach Michal Probierz, the striker announced Sunday.
Lewandowski, 36, is Poland’s all-time leading scorer with 85 goals in 158 appearances, and had served as captain since 2014. But the Barcelona forward said he would no longer represent the national team as long as Probierz remains in charge.
The rift became public after Probierz informed Lewandowski on Sunday that midfielder Piotr Zielinski would take over the captaincy.
“By decision of coach Michal Probierz, Piotr Zielinski became the new captain of the Poland team. The coach personally informed Robert Lewandowski, the entire team and the training staff of his decision,” the Polish Football Association (PZPN) said in a statement. Shortly afterward, Lewandowski issued a statement of his own.