Connect with us

Media

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စီးနင်းမှုများအပေါ် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွား၊ လူဒါဇင်ပေါင်းများစွာ ဖမ်းဆီးခံရ

အမေရိကန်နိုင်ငံတစ်ဝန်း၌ လော့စ်အိန်ဂျလိစ်မြို့ ဆန္ဒပြမှုများနှင့် တစ်သားတည်းရှိမှုကို ပြသသည့် ချိန်ကိုက်လှုပ်ရှားမှုများ ဖြစ်ပွားနေစဉ် နယူးယောက်မြို့ Lower Manhattan အရပ်၌ ဒေသစံတော်ချိန် ဇွန် ၁၀ ရက် ညနေခင်းက လူရာပေါင်းများစွာ စုဝေးကာ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန (ICE) က ပြည်နှင်ဒဏ်ပေးမှုများ အရှိန်မြှင့်လုပ်ဆောင်နေမှုအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။
သမဂ္ဂများနှင့် ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ အဖွဲ့များက စီစဉ်သည့် အဆိုပါ ဆန္ဒပြပွဲကို နယူးယောက်မြို့၏ ‌ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ အဓိကခုံရုံးဖြစ်သည့် ဖက်ဒရယ်ပလာဇာ လူဝင်မှုကြီးကြပ်ရေးခုံရုံးအနီး ဖိုလီရင်ပြင်၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ (Xinhua)
………………
(English Version)
New York protesters continue to rally against immigration raids, dozens detained
Hundreds of demonstrators gathered in Lower Manhattan, New York on Tuesday evening to protest against intensified deportations by U.S. Immigration and Customs Enforcement (ICE), as coordinated actions unfolded across the country in solidarity with protests in Los Angeles.
The rally, organized by a coalition of unions and immigration groups, was held at Foley Square near the Federal Plaza Immigration Court, the city’s main immigration court.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.