Connect with us

Media

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) စီးပွားရေးဖိုရမ်ကို ဖွင့်လှစ်

ပေကျင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) စီးပွားရေးဖိုရမ်ကို ဇူလိုင် ၁၇ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဖွင့်လှစ်ကျင်းပခဲသည်။ ယခုအကြိမ်ဖိုရမ်ကို တရုတ်နိုင်ငံ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီမှ ကြီးမှူးကျင်းပခြင်းဖြစ်ကာ “‘ရှန်ဟိုင်း’ စိတ်ဓာတ် တိုးတက်စေရန် စီးပွားရေးလောကက လှုပ်ရှားလျက်ရှိ” ဟူ၍ ခေါင်းစဉ်ထားကျင်းပခြင်းဖြစ်သည်။ ဖိုရမ်တွင် ဖွင့်ပွဲအခမ်းအနား၊ ခေါင်းစဉ်ကဏ္ဍအလိုက် ဆွေးနွေးမှု၊ လုပ်ငန်းကုမ္ပဏီများ ချိတ်ဆက်မှု စသည့် အစီအစဉ်များပါဝင်ကာ “SCO ထောက်ပံ့ရေးကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှု သုတေသန အစီရင်ခံစာ” အား ထုတ်ပြန်ခဲ့သည်။ ဖိုရမ်သို့ တရုတ်နိုင်ငံ ပြည်တွင်းပြည်ပမှ အစိုးရအဖွဲ့အစည်း၊ စီးပွားရေးလောက ကိုယ်စားလှယ်များ ၄၀၀ နီးပါး အော့ဖ်လိုင်းပုံစံဖြင့် တက်ရောက်ခဲ့ကြောင်းသိရသည်။ (Xinhua)

————————–
(Chinese Version)
上合组织工商论坛在北京举行
新华社照片,北京,2025年7月17日
当日,上海合作组织工商论坛在北京举行。本届论坛由中国贸促会主办,以“弘扬‘上海精神’ 工商界在行动”为主题,设置开幕式、议题研讨、企业对接等环节,并发布《上合组织供应链发展研究报告》。来自国内外政府机构、工商界代表近400人线下出席活动。