Media
မြန်မာနိုင်ငံ ရွှေတိဂုံစေတီတော်မြတ်သို့ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း လာရောက်သူ ၃.၅ သန်းကျော်ရှိ
ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်သို့ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း ဘုရားဖူးပြည်သူ ၃.၅ သန်းကျော် လာရောက်ခဲ့ကြောင်း
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက ဆင်ဟွာသို့ ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။ ၎င်းတို့အနက် နိုင်ငံခြားသား ဧည့်သည်ပေါင်း ၃၈,၀၀၀ ကျော်ပါဝင်ပြီး အများဆုံးလာရောက်ကြသည့် နိုင်ငံများမှာ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဖြစ်ကြောင်း သိရသည်။ (Xinhua)