Connect with us

Media

တရုတ်နိုင်ငံထုတ် လျှပ်စစ်စက်ပစ္စည်းများအား မြန်မာတတ်သိပညာရှင် ချီးကျူး၍ ပိုမိုများပြားသည့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ မျှော်လင့်ဟု ဆို

ကျိန့်ကျိုး၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာနှင့် တတ်သိပညာရှင်များ ထိပ်သီးအစည်းအဝေးအား ဇူလိုင် ၂၃ ရက်မှ ၂၇ ရက်အထိ တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ကျိန့်ကျိုးမြို့၌ ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးအား မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ (MISIS) တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်ဇော် တက်ရောက်ခဲ့ပြီး ၎င်း၏ ပထမဆုံးအကြိမ် ဟဲနန်ခရီးစဉ်အား စတင်ခဲ့သည်။

“ဒါက ကျွန်တော်ပထမဆုံး (ဟဲနန်ကို) လာတာပါ။ ဒါကြောင့် သိပ်ပြီးစိတ်လှုပ်ရှားပါတယ်။ ဒီနေရာက မြို့ပြစိမ်းလန်းစိုပြည်မှု လုပ်ထားတာ တော်တော်ကောင်းတယ်။ လူတွေက အလွန်ဖော်ရွေကြတယ်။ မြို့ပြဖွံ့ဖြိုးတိုးတက်မှုလည်း သိပ်ကောင်းပါတယ်” ဟု မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ (MISIS) တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်ဇော်က ဆိုခဲ့သည်။

ဦးခင်မောင်ဇော်က တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ရွှီချန်းမြို့ရှိ ရွှီကျိလျှပ်စစ် ကော်ပိုရေးရှင်း ထုတ်လုပ်မှုစက်ခန်းသို့ သွားရောက်၍ “အမှောင်စက်ရုံ” ထဲတွင် တရုတ်စူပါဉာဏ်ရည်ထည့်သွင်းထားသော လျှပ်စစ်ကွန်ရက်၏ လျှို့ဝှက်ချက်အား စူးစမ်းလေ့လာခဲ့သည်။

“ကျွန်တော်တို့ မီဒီယာကနေ “အမှောင်စက်ရုံ” ၊ လူမဲ့စက်ရုံရဲ့ သတင်းတွေ အများကြီး ဖတ်ခဲ့ဖူးပါတယ်။ ဒါက ကျွန်တော် ပထမဆုံး “အမှောင်စက်ရုံ” လို့လည်းခေါ်တဲ့ လူမဲ့စက်ရုံကို လာပြီး လေ့လာတာပါ။ သိပ်ပြီးအမှတ်တရဖြစ်ရပါတယ်” ဟု ဦးခင်မောင်ဇော်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ စွမ်းအင် လျှပ်စစ်စက်ပစ္စည်းများ ထုတ်လုပ်ရေးထိပ်တန်းကုမ္ပဏီအနေဖြင့် ရွှီကျိလျှပ်စစ် ကော်ပိုရေးရှင်းသည် “ကျိလျှပ်စစ်ပစ္စည်း” ဟူသည့် ကုန်ပစ္စည်းတစ်မျိုးတည်းဖြင့် စတင်ထုတ်လုပ်ခဲ့ရာမှ စွမ်းအင်သစ်၊ အသစ်ပုံစံ စွမ်းအင်သိုလှောင်မှု၊ ပါဝါအီလက်ထရွန်းနစ် စသည့် ကဏ္ဍများစွာ၌ ဖြန့်ကြက်နေရာချထားမှုကို အရှိန်မြှင့်ခဲ့သည်။

ရွှီကျိလျှပ်စစ်ကော်ပိုရေးရှင်းသည် အလွန်မြင့်မားသော လျှပ်စစ်ဗို့အားနှင့် ဉာဏ်ရည်ထည့်သွင်းထားသော ဓာတ်အားလိုင်းကွန်ရက် ကဏ္ဍများတွင် “တရုတ်နိုင်ငံ၏ပထမဆုံး” နှင့် “ကမ္ဘာ့ပထမဆုံး” ၂၀ ကျော်ကို ဖန်တီးခဲ့ကာ တရုတ်နိုင်ငံ၏ ဓာတ်အားခွဲရုံ လေးပုံတစ်ပုံအတွက် Relay အကာအကွယ် စသည့် လျှပ်စစ်ထုတ်လုပ်ပို့ဆောင်ရေးနှင့် စောင့်ကြည့်ရေး အဓိကစက်ပစ္စည်းများ ပံ့ပိုးပေးခဲ့သည်။

“မြန်မာနိုင်ငံက လျှပ်စစ်အသွင်ပြောင်းမှုလုပ်ငန်းစဉ်ကို အရှိန်မြှင့်ဖို့ အလွန်အမင်းလိုအပ်နေပါတယ်။ တစ်ချိန်တည်းမှာလည်း ကျွန်တော်တို့က အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကိုဖြည့်ဆည်းပေးဖို့ လျှပ်စစ်စွမ်းအင်တွေ များများပိုထုတ်လုပ်ဖို့လိုပါတယ်။ လျှပ်စစ်အသွင်ပြောင်းမှုရဲ့ အရည်အသွေးကလည်း အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ပိုများတဲ့ နည်းပညာ၊ ပိုခေတ်မီတဲ့ စက်ပစ္စည်းနဲ့ အဆောက်အဦတွေ လိုအပ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံက လျှပ်စစ်အသွင်ပြောင်းမှုကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လို့ရတယ်လို့ ကျွန်တော်ယူဆပါတယ်” ဟု ဦးခင်မောင်ဇော်က ပြောကြားခဲ့သည်။

ယခုနှစ်သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၇၅ နှစ်ပြည့်ဖြစ်သည်။ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၇၅ နှစ်အတွင်း၌ နှစ်ဖက်၏ အတူတကွကြိုးပမ်းမှုဖြင့် နှစ်နိုင်ငံ သက်ဆိုင်ရာကဏ္ဍတွင် ချစ်ကြည်ရင်းနှီးစွာ ကူးလူးဖလှယ်မှုနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများ ရရှိခဲ့သည်။

“ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံရေး (RCEP)၊ BRICS ယန္တရား၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတို့က မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးမဏ္ဍိုင်တွေ ဖြစ်ပါတယ်။ နှစ်ဖက်အကြား ပူးပေါင်းဆောင်ရွက်မှုမှာ အခြေခံအဆောက်အဦ အမျိုးမျိုးပါဝင်ပါတယ်။ ကားလမ်း၊ တံတား၊ ဆိပ်ကမ်းနဲ့ ဆိပ်ခံတွေအပြင် လျှပ်စစ်အသွင်ပြောင်းမှု၊ ဘဏ္ဍာရေး၊ ဒစ်ဂျစ်တယ်နဲ့ ပြည်သူချင်းဆက်သွယ်ရေး စတဲ့ကဏ္ဍတွေမှာ အပြန်အလှန်ချိတ်ဆက်မှုတွေလည်း ပါဝင်ပါတယ်။ အနာဂတ် ပူးပေါင်းဆောင်ရွက်မှုမှာ စူးစမ်းလေ့လာထိုက်တဲ့ကဏ္ဍတွေ အများကြီးရှိပါသေးတယ်” ဟု ဦးခင်မောင်ဇော်က ဆိုခဲ့သည်။ (Xinhua)

——————-
(Chinese Version)
缅甸学者点赞中国电气装备 期待更多合作机会
【解说】7月23日至27日,上海合作组织媒体智库峰会在河南郑州举办。缅甸战略与国际问题研究所联合秘书长钦貌佐前来参会,开启了自己的首次河南行。
【同期】缅甸战略与国际问题研究所联合秘书长 钦貌佐
这是我第一次来(河南),所以非常激动。这里的城市绿化很不错,人们非常友善。城市发展得很好。
【解说】钦貌佐走进河南省许昌市的许继电气股份有限公司生产车间,在“黑灯工厂”探求中国超级智能电网的秘密。
【同期】缅甸战略与国际问题研究所联合秘书长 钦貌佐
我们在媒体上看到过很多“黑灯工厂”、无人工厂的报道。这是我第一次现场参观无人工厂,也叫做“黑灯工厂”,印象很深刻。
【解说】作为中国能源电力装备制造业的龙头企业,许继电气从“继电器”单一产品起家,加速布局新能源、新型储能、电力电子等多个赛道。
许继电气在特高压输电和智能电网领域创造了20多项“中国第一”和“世界第一”,为中国四分之一的变电站提供了继电保护等一二次核心设备。
【同期】缅甸战略与国际问题研究所联合秘书长 钦貌佐
缅甸亟需加速电气化进程。同时,我们也需要生产更多的电能以满足未来发展。包括电气化的质量也非常重要。因此,我们需要更多的技术、更先进的仪器和设施。所以,我认为缅甸和中国在电气化领域可以加强合作。
【解说】今年是中缅建交75周年。建交75年来,在双方共同努力下,两国各领域友好交流和务实合作取得长足进展。
【同期】缅甸战略与国际问题研究所联合秘书长 钦貌佐
《区域全面经济伙伴关系协定》(RCEP)、金砖国家机制、中缅经济走廊都是缅甸和中国合作的重要支柱。双方间的合作包括各种基础设施,不仅是公路桥、港口和码头,还有电气化,以及金融、数字、人文等领域的互联互通。未来合作还有很多值得探索的领域。
李文哲、杨静、王永涛 河南许昌报道。(完)