Connect with us

Media

တရုတ်နိုင်ငံ၏ ရှန်ကျိုး-၂၀ အာကာသယာဉ်မှူးများက တတိယအကြိမ် အာကာသယာဉ်ပြင်ပလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

ပေကျင်း၊ ဩဂုတ် ၁၈ရက် (ဆင်ဟွာ)
ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း လည်ပတ်နေသော တရုတ်အာကာသစခန်းရှိ ရှန်ကျိုး-၂၀ အာကာသယာဉ်မှူးများသည် ဩဂုတ် ၁၅ ရက်က ၎င်းတို့မစ်ရှင်၏ တတိယအကြိမ် အာကာသယာဉ်ပြင်ပလုပ်ငန်းများ ‌ဆောင်ရွက်ပြီးစီးခဲ့ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါအာကာသယာဉ်အေဂျင်စီ (CMSA) ထံမှ သိရသည်။

အာကာသယာဉ်မှူးသုံးဦး ဖြစ်သော ချန်တုန်း၊ ချန်ကျုံးရွှေ့နှင့် ဝမ်ကျယ်တို့သည် အာကာသစခန်း၏ စက်ရုပ်လက်တံနှင့် မြေပြင်ထိန်းချုပ်ရေးအဖွဲ့တို့၏ အကူအညီဖြင့် အဆိုပါ လုပ်ငန်းတာဝန်များကို အချိန်ခြောက်နာရီခွဲခန့်ကြာ လုပ်ဆောင်ခဲ့ကာ ပေကျင်းစံတော်ချိန် ည ၁၀:၄၇ နာရီတွင်မူ ဆက်စပ်လုပ်ငန်းတာဝန်များအားလုံး ပြီးစီးခဲ့ကြောင်း သိရသည်။

အာကာသယာဉ်ပြင်ပလမ်းလျှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သည့် ချန်တုန်းနှင့် ဝမ်ကျယ်တို့သည် အာကာသအပျက်အစီးများမှ ကာကွယ်ရေးကိရိယာများနှင့် အာကာသယာဉ်ပြင်ပအရန်ပစ္စည်းများအား တပ်ဆင်ခြင်း၊ ပြင်ပကိရိယာများအား စစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း စသည့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း CMSA က ဆိုသည်။
ယခုအချိန်အထိ ချန်တုန်းသည် အာကာသယာဉ်ပြင်ပလုပ်ငန်းဆောင်ရွက်မှု ခြောက်ကြိမ် ပြုလုပ်ခဲ့ကာ တရုတ်အာကာသယာဉ်မှူးများအနက် အာကာသယာဉ်ပြင်ပလုပ်ငန်းဆောင်ရွက်မှု အကြိမ်ရေအများဆုံးလည်း ဖြစ်သည်။
ရှန်ကျိုး-၂၀ အာကာသယာဉ်မှူးများသည် ယခုအခါ ၎င်းတို့၏ အာကာသခရီးစဉ် ထက်ဝက်ပြီးစီးလာပြီ ဖြစ်သည်။ ထိုအာကာသယာဉ်မှူးများသည် အာကာသသိပ္ပံပညာရပ် လက်တွေ့စမ်းသပ်မှု အမျိုးမျိုးကိုလည်း တည်တည်ငြိမ်ငြိမ် တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၎င်းတို့သည် နောက်ပိုင်းတွင် အာကာသ သက်ရှိသိပ္ပံပညာရပ်များ၊ အခြေခံမိုက်ခရိုဆွဲငင်အားရူပဗေဒ၊ သိပ္ပံပညာရပ်ဆိုင်ရာ အာကာသပစ္စည်းများ၊ အာကာသဆေးဝါးနှင့် အဆင့်မြင့် အာကာသနည်းပညာများ စသည့်အဓိကနယ်ပယ်များ၌ သုတေသနနှင့် နည်းပညာစမ်းသပ်မှုများကို အလေးထားဆောင်ရွက်ကြမည်ဖြစ်သည်။ (Xinhua)

……………………………………..
(English Version)
Shenzhou-20 astronauts complete third series of extravehicular activities
BEIJING, Aug. 15 (Xinhua) — The Shenzhou-20 crew aboard China’s orbiting space station com-pleted their mission’s third series of extravehicular activities on Friday, according to the China Manned Space Agency (CMSA).
The astronaut trio — Chen Dong, Chen Zhongrui and Wang Jie — worked for approximately six-and-a-half hours and completed all related tasks at 10:47 p.m. (Beijing Time), assisted by the space station’s robotic arm and a ground control team.
Chen Dong and Wang Jie, tasked with conducting spacewalk operations, completed the installa-tion of debris protection devices and auxiliary extravehicular facilities, as well as the inspection and maintenance of external equipment, according to the CMSA.
To date, Chen Dong has completed six rounds of extravehicular activities, meaning he has con-ducted the most spacewalk tasks of any Chinese astronaut.
The Shenzhou-20 astronauts have now completed half of their spaceflight journey. The crew is cur-rently making steady progress in various space science experiments.
Next, they will focus on research and technology tests in key areas such as the space life sciences, microgravity fundamental physics, space materials science, space medicine and advanced aero-space technologies, the agency said.