Connect with us

Media

စမ်းသပ်ရေးဂြိုဟ်တုအသစ်ကို တရုတ်နိုင်ငံက အောင်မြင်စွာ လွှတ်တင်

ရှီးချန်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက နိုင်ငံအနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ စမ်းသပ်ရေးဂြိုဟ်တုအသစ်တစ်ခုကို သြဂုတ် ၁၇ ရက်၌ လွှတ်တင်ခဲ့သည်။
Shiyan-28B 02 ဂြိုဟ်တုအား Long March-4C သယ်ဆောင်သည့် ဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် ညနေ ၄ နာရီ ၅၅ မိနစ်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ကာ ၎င်းစမ်းသပ်ရေးဂြိုဟ်တုမှာ ကြိုတင်သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်ခဲ့သည်။
အဆိုပါစမ်းသပ်ရေးဂြိုဟ်တုကို အာကာသပတ်ဝန်းကျင် စူးစမ်းလေ့လာရေးနှင့် ဆက်စပ်နည်းပညာ စမ်းသပ်မှုများအတွက် အဓိက အသုံးပြုမည်ဖြစ်သည်။
ထိုသို့လွှတ်တင်မှုသည် Long March သယ်ဆောင်ရေးဒုံးပျံစီးရီး၏ ၅၈၉ ကြိမ်မြောက် ပျံသန်းရေးမစ်ရှင်ဖြစ်ကြောင်း သိရသည်။ (Xinhua)
————————
(English Version)
China successfully launches new test satellite
XICHANG, Aug. 17 (Xinhua) — China on Sunday sent a new test satellite into space from the Xichang Satellite Launch Center in the southwestern province of Sichuan.
The Shiyan-28B 02 satellite was launched at 4:55 p.m. (Beijing Time) aboard a Long March-4C carrier rocket and entered its preset orbit successfully.
The satellite will be used mainly for space environment exploration and related technology tests.
This is the 589th flight mission of the Long March carrier rocket series. ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.