Connect with us

Media

အမေရိကန် သမ္မတ ထရမ့်၊ ယူကရိန်း သမ္မတ ဇယ်လန်းစကီးနှင့် ဥရောပခေါင်းဆောင်များ အိမ်ဖြူတော်တွင် ဆွေးနွေးမှုများပြုလုပ်

ဝါရှင်တန်၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၊ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့် ဥရောပနိုင်ငံ ခုနစ်နိုင်ငံမှ ခေါင်းဆောင်များက အိမ်ဖြူတော်တွင် ဩဂုတ် ၁၈ ရက်၌ နိုင်ငံအများအပြားပါဝင်သည့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထရမ့်နှင့် ဇယ်လန်းစကီးတို့ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယင်းနေ့၌ပင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲသို့ နေတိုး အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရူတေ၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်၊ ဗြိတိန် ဝန်ကြီးချုပ် ကီယာ စတားမာ၊ အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ၊ ဖင်လန် သမ္မတ အလက်ဇန်းဒါး စတက်ဘ်၊ ဂျာမနီ ဝန်ကြီးချုပ် ဖရီးဒရစ်မက်ဇ်၊ ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်တို့ တက်ရောက်ခဲ့သည်။
ရုရှားသမ္မတ ဗလာတီမာ ပူတင်က ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များကို လက်ခံရန် သဘောတူညီခဲ့ပြီး ယင်းတို့အနက် အဓိကအချက်တစ်ချက်အား သုံးသပ်ရန်လိုအပ်နေကြောင်း၊ ပူတင်က အဖြေတစ်ခုရရှိရန် ဆန္ဒရှိနေကြောင်း ထရမ့်က မီဒီယာများအား ပြောကြားခဲ့သည်။
ဇယ်လန်းစကီးကမူ အမေရိကန်အနေဖြင့် လုံခြုံရေးအတွက် လေးလေးနက်နက် သတင်းစကားပါးရန် အရေးကြီးကြောင်း အလေးအနက်ပြောကြားခဲ့ကာ မိမိနှင့် ပူတင်တို့၏ ဖြစ်နိုင်ဖွယ်ရှိသော သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲသို့ ထရမ့် တက်ရောက်နိုင်မည်ဆိုလျှင် ယူကရိန်းအနေဖြင့် ဝမ်းမြောက်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ၌ နယ်မြေအရေးကိစ္စ အပါအဝင် ထိရှလွယ်သော အကြောင်းအရာများကို ဆွေးနွေးသွားမည်ဟု ယူကရိန်းခေါင်းဆောင်က ဆိုသည်။
ထရမ့်ကလည်း ယင်းသုံးပွင့်ဆိုင် ဆွေးနွေးပွဲကို တတ်နိုင်သမျှ အဆောလျင်ဆုံးပြုလုပ်သင့်ကြောင်း ပြောကြားခဲ့သည်။
ဥရောပခေါင်းဆောင်များက အပစ်အခတ်ရပ်စဲသည့် အစီအစဉ်ကို‌ ထောက်ခံအားပေးခဲ့ပြီး ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များနှင့် ပတ်သက်၍ အခြေအနေတိုးတက်မှုအချို့ ရရှိနိုင်သည်ဟု ဆိုသည်။
“အပစ်အခတ်ရပ်စဲခြင်းမရှိဘဲ လာမယ့်တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပနိုင်မယ်လို့ ကျွန်တော်မထင်ပါဘူး” ဟု မက်ဇ်က ပြောသည်။
မက်ခရွန်ကမူ ဥရောပနိုင်ငံများလည်း ပါဝင်သည့် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်မည့် စိတ်ကူးကို အဆိုပြုခဲ့ပြီး လုံခြုံရေးအာမခံချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် ဥရောပတိုက်တစ်ခုလုံး၏ လုံခြုံ‌မှုကို ထည့်သွင်းဆွေးနွေးရမည်ဟု ပြောကြားခဲ့သည်။
ထရမ့်နှင့် ပူတင်တို့ အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်တွင် ဩဂုတ် ၁၅ ရက်က သုံးနာရီနီးပါး တွေ့ဆုံခဲ့ပြီးနောက် ဩဂုတ် ၁၈ ရက်၌ ယင်းတွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဩဂုတ် ၁၅ ရက် တွေ့ဆုံမှု၌ မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
………………
(English Version)
Trump, Zelensky, European leaders hold multilateral talks at White House
WASHINGTON, Aug. 18 (Xinhua) — U.S. President Donald Trump, Ukrainian President Volodymyr Zelensky and seven European leaders held multilateral talks at the White House on Monday.
NATO Secretary General Mark Rutte, European Commission President Ursula Von der Leyen, British Prime Minister Keir Starmer, Italian Prime Minister Giorgia Meloni, Finnish President Alexander Stubb, German Chancellor Friedrich Merz and French President Emmanuel Macron attended the talks after a bilateral meeting between Trump and Zelensky on the same day.
In a speech to the media, Trump said Russian President Vladimir Putin agreed to accept security guarantees for Ukraine, one of the key points that “we need to consider,” adding that Putin wants to find an answer.
Zelensky stressed the importance of the United States giving a strong signal on security, noting that Ukraine would be happy if Trump could attend a possible trilateral meeting with him and Putin.
The Ukrainian leader said sensitive things, including the territorial issue, would be discussed at the trilateral meeting.
Trump said such a trilateral meeting should be held “as soon as we can.”
The European leaders supported the idea of a ceasefire, saying that some progress could be made on security guarantees for Ukraine.
“I can’t imagine that the next meeting will take place without a ceasefire,” Merz said.
Macron floated the idea of a quadrilateral meeting that also involves the European side, saying that “when we speak about security guarantees, we speak about the whole security of the European continent.”
The meetings on Monday took place after Trump and Putin met for nearly three hours in the U.S. state of Alaska on Friday. No deal was reached from the Friday meeting. ■