Media
ဘလွန်းဒီအောဆု ဆွတ်ခူးသွားသော ပီအက်စ်ဂျီတိုက်စစ်မှူး ဒမ်ဘီလီ
ပဲရစ်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် စက်တင်ဘာ ၂၂ ရက်က ကျင်းပခဲ့သည့် နှစ်စဉ်ပြုလုပ်မြဲ ဘလွန်းဒီအောဆုပေးပွဲ အခမ်းအနားတွင် ပီအက်စ်ဂျီတိုက်စစ်မှူး အူစမန် ဒမ်ဘီလီက ၂၀၂၅ ခုနှစ်အတွက် ဘလွန်းဒီအောဆု (အမျိုးသား) ကို ဆွတ်ခူးသွားခဲ့ပြီး ၎င်း၏ ကစားသမားဘဝတစ်လျှောက် ယင်းဆုအား ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဘောလုံးရာသီက ပီအက်စ်ဂျီအသင်းနှင့်အတူ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်၊ လီဂူးဝမ်းနှင့် ပြင်သစ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ကာ သွင်းဂိုး ၃၅ ဂိုးနှင့် ဂိုးဖန်တီးမှု ၁၆ ကြိမ် ပြုလုပ်နိုင်ခဲ့သည့် အသက် ၂၈ နှစ်အရွယ် ပြင်သစ်လက်ရွေးစင် ကစားသမားမှာ ထိုဆုအား ဆွတ်ခူးနိုင်ခဲ့သည့် ဆဋ္ဌမမြောက် ပြင်သစ်ကစားသမားအဖြစ်လည်းကောင်း၊ ၂၀၂၂ ခုနှစ်တွင် အဆိုပါဆုအား ရရှိခဲ့သည့် ကာရင် ဘန်ဇီမာနောက်ပိုင်း ပထမဆုံး ပြင်သစ်ကစားသမားအဖြစ်လည်းကောင်း မှတ်တမ်းဝင်ခဲ့သည်။
ဒမ်ဘီလီမှာ ဆုပေးပွဲစင်မြင့်ထက်၌ သိသိသာသာ စိတ်လှုပ်ရှားနေခဲ့သည်။ “ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ ဒီဆုကိုရဖို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပါဘူး။ အသင်းအတွက် ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူးနိုင်ဖို့အတွက်ပဲ တိုက်ပွဲဝင်ခဲ့တာပါ” ဟု ဒမ်ဘီလီက ဆိုသည်။
ဘာစီလိုနာအသင်းမှ အသက် ၁၈ နှစ်အရွယ် တိုက်စစ်ကစားသမား လာမင်း ယမားလ်က ဘလွန်းဒီအောဆု ရွေးချယ်ရာတွင် ဒုတိယနေရာ၌ ရပ်တည်နိုင်ခဲ့သလို အကောင်းဆုံး လူငယ်ကစားသမားဆုဖြစ်သည့် Kopa Trophy ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။ ထို့အတူ ယမားလ်၏ အသင်းဖော်ဖြစ်သူ ဘာစီလိုနာ အမျိုးသမီးဘောလုံးအသင်းမှ ဗစ်ကီ လိုပက်ဇ်မှာလည်း Kopa Trophy ဆုကို ဆွတ်ခူးသွားခဲ့သည်။
စပိန်အမျိုးသမီးဘောလုံးသမား အိုင်တာနာ ဘွန်မာတီကလည်း ဘလွန်းဒီအောဆု (အမျိုးသမီး) ကို သုံးနှစ်ဆက်တိုက် ဆွတ်ခူးသွားခဲ့သည်။ “ကျွန်မတို့အနေနဲ့ တန်းတူညီမျှရှိရေးအတွက် အချိန်အကြာကြီး တောင်းဆိုခဲ့တာပါ။ ဒီနေ့တော့ ကျွန်မတို့ အဲဒီအရာကို ရရှိခဲ့ပါပြီ” ဟု ဘွန်မာတီက ပြောကြားခဲ့ကာ ထိုအခမ်းအနား၌ အမျိုးသမီးဘောလုံးလောကအား ပိုမိုကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုလာသည့်အပေါ် ထောက်ပြပြောဆိုခဲ့သည်။
ပြင်သစ်မဂ္ဂဇင်း France Football က ၁၉၅၆ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့သည့် ဘလွန်းဒီအောဆုမှာ ဘောလုံးလောက၏ ဂုဏ်သိက္ခာအကြီးဆုံး တစ်ဦးချင်းထူးချွန်ဆုအဖြစ် ရပ်တည်နေဆဲဖြစ်သည်။ ယခုနှစ် ဆုပေးပွဲအခမ်းအနားတွင် အမျိုးသမီး ဘောလုံးအားကစားအတွက် ဆုအမျိုးအစားသစ်များဖြစ်သည့် အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးဂိုးသွင်းရှင်ဆု၊ အကောင်းဆုံး လူငယ်ကစားသမားဆုတို့ကို ထပ်မံထည့်သွင်းခဲ့ကာ ၂၀၂၄ ခုနှစ်ကလည်း အကောင်းဆုံးနည်းပြဆုကို သီးခြားအနေဖြင့် စတင်ပေးအပ်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………..
(English Version)
PSG striker Dembele wins Ballon d’Or
PARIS, Sept. 22 (Xinhua) — Paris Saint-Germain forward Ousmane Dembele won the 2025 men’s Ballon d’Or at the annual awards ceremony in Paris on Monday, claiming the honor for the first time in his career.
The 28-year-old French international, who scored 35 goals and provided 16 assists last season as PSG lifted the UEFA Champions League, Ligue 1 and French Cup titles, became the sixth French player to receive the award and the first since Karim Benzema in 2022.
Dembele was visibly emotional on stage. “This award was never the goal in my career, but I fought to win the Champions League for the team,” he said.
Barcelona’s 18-year-old forward Lamine Yamal finished second in the men’s Ballon d’Or vote and received the Kopa Trophy for best young player, while his club teammate Vicky Lopez won the women’s Kopa Trophy.
Spain’s Aitana Bonmati earned the women’s Ballon d’Or for a third consecutive year. “We have long called for equality, and today we have finally achieved it,” Bonmati said, noting the expanded recognition of women’s football at the ceremony.
First awarded in 1956 by France Football magazine, the Ballon d’Or remains one of the sport’s most prestigious individual honors. This year’s ceremony added new women’s categories for best goalkeeper, best scorer and best young player, building on the introduction of separate best coach awards in 2024.