Media
ကစားသမားများကို ၎င်းတို့၏မိဘသဖွယ် ဂရုစိုက်နေရဟု မန်ချက်စတာစီးတီးအသင်း မန်နေဂျာဖြစ်သူ ဂွါဒီယိုလာ ပြော
လန်ဒန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
မန်ချက်စတာစီးတီးအသင်း မန်နေဂျာဖြစ်သူ ပက်ပ် ဂွါဒီယိုလာက အသင်းအနေဖြင့် ပွဲဆက်များနေမှုကို ချိန်ညှိကိုင်တွယ်နေရချိန်တွင် ၎င်းအနေဖြင့် ကစားသမားများအား မိဘသဖွယ် ဂရုစိုက်ပေးရမည်ဟု ပြောကြားခဲ့သည်။
စီးတီးအနေဖြင့် တစ်ပတ်အတွင်း မန်ချက်စတာယူနိုက်တက်နှင့် နာပိုလီတို့ကို အနိုင်ရခဲ့သော်လည်း စက်တင်ဘာ ၂၁ ရက် ပရီးမီးယားလိဂ်ပွဲစဉ်တွင်မူ အာဆင်နယ်အသင်း၏ နောက်ကျချေပဂိုးကို ခွင့်ပြုခဲ့ရသဖြင့် သရေရလဒ်သာ ရရှိခဲ့သည်။
“အရေးအကြီးဆုံးကတော့ ဒီသီတင်းပတ်ထဲမှာ ကျွန်တော်တို့ပြသခဲ့တဲ့ စိတ်ဓာတ်မျိုးပါပဲ။ မိဘက သူတို့ရဲ့သားသမီးတွေကို ဂရုစိုက်သလိုမျိုး ဂရုစိုက်ပေးရမှာပါ” ဟု ဂွါဒီယိုလာက ဆိုသည်။ “ကျွန်တော်တို့ဟာ တစ်ဆင့်ပြီးတစ်ဆင့် တည်ငြိမ်တဲ့အသင်းတစ်သင်း ဖြစ်လာနိုင်ပါတယ်။ ဒဏ်ရာရကစားသမားတွေ ပြန်ကောင်းလာရင်တော့ ကျွန်တော်တို့ ဘာတွေပိုကောင်းအောင် လုပ်နိုင်မလဲဆိုတာကို သိရမှာပါ” ဟုလည်း ၎င်းက ပြောသည်။ “ဂျီဂျီ (ဂျီယန်လူဂီ ဒွန်နာရမ်မာ) က ဒီထက်ပိုကောင်းလာမှာဖြစ်သလို ဂျိမ်းစ် (ထရက်ဖို့ဒ်) လည်း ပိုကောင်းလာဦးမှာပါ။ အသင်းက ပိုပြီးတိုးတက်လာမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းနှင့် ပွဲစဉ်၌ ပွဲချိန် ၇၆ မိနစ်တွင် နောက်ကျောဒဏ်ရာကြောင့် လူစားလဲခဲ့ရသည့် တိုက်စစ်မှူး အာလင် ဟာလန်းမှာ ဝက်စ်ယော့ခ်ရှားသို့ ထွက်ခွာမည့် အသင်းလူစာရင်း၌ ပါဝင်နိုင်မည်မဟုတ်ပေ။ သို့သော် အဆိုပါ နော်ဝေတိုက်စစ်မှူးအနေဖြင့် စက်တင်ဘာ ၂၇ ရက်တွင် ဘန်လေအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်အမီ ပြန်လည်ကောင်းမွန်လာမည်ဟု ဂွါဒီယိုလာက ယုံကြည်နေဆဲဖြစ်သည်။ (Xinhua)
…………………….
(English Version)
Guardiola compares player care to parenting amid Man City injury concerns
LONDON, Sept. 23 (Xinhua) — Manchester City manager Pep Guardiola says he must “take care” of his players as parents do with their children, as his squad navigates a demanding run of fixtures.
In the space of a week, City defeated Manchester United and Napoli before conceding a late equalizer against Arsenal on Sunday. Next, it faces League One side Huddersfield Town in the Carabao Cup third round on Wednesday, with injuries mounting.
“First comes the spirit we have shown this week and you have to take care of this like a father and mother takes care of their sons,” Guardiola said. “We can be a stable team and step by step, when injured players come back, we will learn what we can do better. “Gigi (Gianluigi Donnarumma) will get better and James (Trafford) will get better and the team will grow.”
Striker Erling Haaland, who came off in the 76th minute at Arsenal with a back problem, will not travel to West Yorkshire. However, Guardiola remains optimistic the Norwegian “will be fine” for Saturday’s Premier League clash with Burnley.