Media
သမ္မတရှီက တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို အခိုင်အမာ လျှောက်လှမ်းသွားမည်ဟုပြောကြား
ပေကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို မမှိတ်မသုန် အခိုင်အမာ လျှောက်လှမ်းသွားမည်ဟု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စက်တင်ဘာ ၃ ရက်၌ ပြောကြားခဲ့သည်။
တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် ပေကျင်းမြို့တွင် ကျင်းပသည့် တွေ့ဆုံပွဲအခမ်းအနား၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက အထက်ပါအတိုင်း မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
လူသားမျိုးနွယ်တို့အနေဖြင့် ငြိမ်းချမ်းရေးနှင့် စစ်ပွဲ၊ ဆွေးနွေးအဖြေရှာခြင်းနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း၊ ဘုံအကျိုးစီးပွားနှင့် သူနိုင်ကိုယ်နိုင်ယှဉ်ပြိုင်ခြင်း စသည်တို့ကို ရွေးချယ်ရမည့် အခြေအနေနှင့် တဖန်ပြန်၍ ရင်ဆိုင်နေရကြောင်း ရှီက ဆိုသည်။
တရုတ်ပြည်သူများအနေဖြင့် သမိုင်း၏ မှန်ကန်သောဘက်၊ လူသားတို့၏ ဖွံ့ဖြိုးတိုးတက်သောဘက်တွင် ခိုင်ခိုင်မာမာ ရပ်တည်ကာ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအား မမှိတ်မသုန်လျှောက်လှမ်းပြီး လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ရေးအတွက် အခြားသော ကမ္ဘာ့နိုင်ငံများနှင့် အတူလက်တွဲ လုပ်ဆောင်သွားမည်ဟု ရှီက ပြောကြားခဲ့သည်။ (Xinhua)
………………….
(English Version)
(V-Day) China committed to path of peaceful development: Xi
BEIJING, Sept. 3 (Xinhua) — China will adhere to the path of peaceful development, said President Xi Jinping on Wednesday.
Xi, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, made the remarks while addressing a gathering held in Beijing to mark the 80th anniversary of the victory in the Chinese People’s War of Resistance against Japanese Aggression and the World Anti-Fascist War.
Humanity is again faced with a choice of peace or war, dialogue or confrontation, and win-win outcomes or zero-sum games, Xi said.
The Chinese people will stand firmly on the right side of history and on the side of human progress, adhere to the path of peaceful development, and join hands with the rest of world to build a community with a shared future for humanity, he said. ■