Connect with us

Media

ထိုင်းနိုင်ငံ တောင်ပိုင်း နယ်စပ်ဒေသ ပြည်နယ်သုံးခုရှိ နေရာအများအပြား တိုက်ခိုက်ခံရ

ဘန်ကောက်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ တောင်ပိုင်း နယ်စပ်ဒေသ ပြည်နယ်သုံးခုရှိ နေရာအများအပြားတွင် ဇန်နဝါရီ ၁၀ ရက် ညဉ့်နက်ပိုင်းက ရည်ရွယ်ချက်ရှိရှိ မီးရှို့မှုနှင့် ဖောက်ခွဲမှုခံခဲ့ရရာ ပစ္စည်းဥစ္စာဆုံးရှုံးမှု အများအပြားရှိခဲ့ကြောင်း ထိုင်းစစ်တပ်၏ ဇန်နဝါရီ ၁၁ ရက် သတင်းများအရ သိရသည်။ Narathiwat ပြည်နယ် ရဲတပ်ဖွဲ့ဝင်တစ်ဦး ပေါက်ကွဲမှုအပိုင်းအစ ထိမှန်၍ ညာလက်မောင်း ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများတွင် ဖော်ပြထားသည်။

မီးရှို့မှုနှင့် ပေါက်ကွဲမှုဖြစ်ရပ်မှာ Pattani ပြည်နယ်ရှိ စက်သုံးဆီဆိုင် ၂ ဆိုင်၊ Yala ပြည်နယ်ရှိ စက်သုံးဆီဆိုင် ၄ ဆိုင်၊ Narathiwat ပြည်နယ်ရှိ စက်သုံးဆီဆိုင် ၅ ဆိုင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းတပ်မတော် စတုတ္ထစစ်ဒေသကြီး အတွင်းပိုင်း လုံခြုံရေးလှုပ်ရှားမှုကွပ်ကဲရေးဌာနက လူမှုကွန်ရက်မီဒီယာမှတစ်ဆင့် ကြေညာချက် ထုတ်ပြန် ပြောကြားခဲ့သည်။ ထိုင်းစစ်တပ်က ပြည်သူလူထုလုံခြုံရေး သေချာစေရေးအတွက် သက်ဆိုင်ရာဒေသနှင့် အနီးတစ်ဝိုက်ရှိ ဌာနအဖွဲ့အစည်းအားလုံးကို လုံခြုံရေးအဆင့် အမြင့်ဆုံးသို့ မြှင့်တင်ရန်နှင့် အချင်းဖြစ်ရပ်ကျူးလွန်သူအား လျင်မြန်စွာ လိုက်လံဖမ်းဆီးသွားရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ (Xinhua)

——————–
(Chinese Version)
泰国南部边境多处加油站遭袭  有警察受伤
新华社曼谷1月11日电(记者常天童)据泰国军方11日消息,泰国南部边境三府多地10日深夜遭人蓄意纵火并引爆爆炸物,造成大量财产损失。初步消息显示,那拉提瓦府一名警察被爆炸碎片击中右臂受伤。
泰国第四军区内部安全行动指挥部通过社交媒体发布公告说,纵火和爆炸事件发生在北大年府2个加油站、也拉府4个加油站、那拉提瓦府5个加油站。军方要求辖区内及周边所有单位将安保级别提升至最高,以保障民众安全,并加紧追捕肇事者。(完)