Connect with us

Media

အမေရိကန်၏ စည်းကြပ်ခွန်ကောက်ခံမှုနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံက ၎င်း၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်မည်

ပေကျင်း၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ၏ စည်းကြပ်ခွန်ကောက်ခံမှုများနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ အလွန်ရှင်းလင်းပြီး စည်းကြပ်ခွန်ကောက်ခံမှုစစ်ပွဲများတွင် အနိုင်ရသူမရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၁၃ ရက် နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ခိုင်မာစွာ ကာကွယ်သွားမည်ဖြစ်ကြောင်းလည်း အဆိုပါပြောရေးဆိုခွင့်ရှိသူ မော်နင်က ပြောကြားခဲ့သည်။
အီရန်နိုင်ငံနှင့် စီးပွားရေးလုပ်ကိုင်သည့် မည်သည့်နိုင်ငံမဆိုအနေဖြင့် အမေရိကန်နိုင်ငံနှင့် စီးပွားရေးလုပ်ကိုင်သည့် မည်သည့်စီးပွားရေးလုပ်ငန်းမဆိုအပေါ် စည်းကြပ်ခွန်နှုန်းထား ၂၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဟု အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားပြီးနောက် မော်က ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခု၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

……………….
(English Version)
China to safeguard its legitimate rights, interests in face of U.S. tariff moves: spokesperson
BEIJING, Jan. 13 (Xinhua) — China’s position on tariffs is very clear, and there are no winners in tariff wars, a foreign ministry spokesperson said here Tuesday.
Spokesperson Mao Ning also said China will firmly safeguard its legitimate rights and interests.
Mao made the remarks at a regular news briefing after U.S. President Donald Trump said Monday that any country doing business with Iran will pay a tariff rate of 25 percent on any business conducted with the United States. ■