Connect with us

Media

မြန်မာနိုင်ငံ စွမ်းအင်ပြပွဲတွင် တရုတ်နိုင်ငံ၏ နေရောင်ခြည်စွမ်းအင်သုံးပစ္စည်းများ ထင်ပေါ်ကျော်ကြားလျက်ရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

ခေတ်မီစမတ်လျှပ်စစ်စနစ်များ၊ နောက်ဆုံးပေါ် ဆိုလာနည်းပညာများနှင့် စွမ်းအင်သိုလှောင်မှုစနစ်များ တစ်နေရာတည်းတွင် အစုံအလင် ပါဝင်သည့် တတိယအကြိမ်မြောက် Myanmar Power and Solar Energy Storage Lighting Expo 2026 ကို ဇန်နဝါရီ ၁၆ ရက်မှ ၁၈ ရက်အထိ Yangon Convention Centre-YCC ၌ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါပြပွဲကို Myanmar DPES Exhibition Co., Ltd မှ စီစဉ်ကျင်းပပြီး တရုတ်နိုင်ငံမှ ပြသသူ ၇၀ ကျော်မှ နေရောင်ခြည်စွမ်းအင်သုံးဆိုလာပြားများ၊ အင်ဗာတာများ၊ ဘက်ထရီများနှင့် လျှပ်စစ်ကား အားသွင်းစက်များ အပါအဝင် ထုတ်ကုန်ရာနှင့်ချီ ပြသထားကြောင်း သိရသည်။ ယခုပြပွဲသည် နည်းပညာများ ခင်းကျင်းပြသရုံသာမက စက်မှုလုပ်ငန်း ပြောင်းလဲတိုးတက်ရေးအတွက် အရေးပါသော ပေါင်းကူးတံတားတစ်စင်းဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို ဆက်သွယ်ပေးသည့် နေရာလည်းဖြစ်ကြောင်း ပြပွဲစီစဉ်သူများက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.