Media
အမေရိကန် သမ္မတ ထရမ့်က ဂရင်းလန်းကျွန်းပေါ်သို့ တက်ရောက်သည့် ဓာတ်ပုံအား ထုတ်ပြန်
ဝါရှင်တန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်မီဒီယာ၌ ဓာတ်ပုံပို့စ်တင်ခဲ့ရာ ၎င်း လက်ထဲတွင် အမေရိကန်အလံကိုင်ဆောင်၍ ဂရင်းလန်းကျွန်းပေါ်သို့ တက်ရောက်ကာ အနောက်တွင် အမေရိကန် ဒုတိယ သမ္မတ ဂျေဒီဗန့်စ်နှင့် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ရပ်နေပြီး နံဘေးတွင် “ဂရင်းလန်းကျွန်းသည် ၂၀၂၆ ခုနှစ်တွင် အမေရိကန်ပိုင်နက်နယ်မြေဖြစ်လာသည်” ဟု ရေးသားထားသော ဆိုင်းဘုတ်နှင့် ရုပ်ပုံကို ပြသခဲ့သည်။
ထိုနေ့တွင်ပင် ထရမ့်က အိမ်ဖြူတော်ရုံးခန်း၌ ၎င်းနှင့် ဥရောပခေါင်းဆောင်များ တွေ့ဆုံရာ ယင်းအနောက် နံရံမြေပုံတွင် အမေရိကန်နယ်မြေအပြင် ကနေဒါ၊ ဂရင်းလန်းနှင့် ဗင်နီဇွဲလားကို အမေရိကန်အလံ လွှမ်းခြုံထားသည့် အခြားဓာတ်ပုံတစ်ခုကိုလည်း ပို့စ်တင်ခဲ့သည်။
ထို့အပြင် ထရမ့်က ၎င်းနှင့် နေတိုးအထွေထွေအတွင်းရေးမှူးချုပ် Mark Rutte တို့ ဂရင်းလန်းကျွန်းအရေး ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ရာ ၎င်းအနေဖြင့် ဘက်အသီးသီးနှင့်အတူ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲကျင်းပရန် သဘောတူညီခဲ့ကြောင်း ဇန်နဝါရီ ၂၀ ရက်က လူမှုကွန်ရက်မီဒီယာတွင် ပြောကြားခဲ့သည်။
ဂရင်းလန်းကျွန်းသည် “အမေရိကန်နိုင်ငံနဲ့ ကမ္ဘာ့လုံခြုံရေးအတွက် အလွန်အရေးကြီးတယ်၊ ဒီကိစ္စက နောက်ကြောင်းပြန်လှည့်လို့မရဘူး” ဆိုသည်ကို မိမိအနေဖြင့် အားလုံးနှင့် အတိအလင်း ပြောကြားထားပြီးဖြစ်ကြောင်း ထရမ့်က ဆိုသည်။(Xinhua)
——————-
(Chinese Version)
特朗普发布登上格陵兰岛图片
新华社华盛顿1月20日电 美国总统特朗普20日凌晨在社交媒体上发布图片,他手拿美国国旗登上格陵兰岛,身后站着美国副总统万斯和国务卿鲁比奥,旁边指示牌上写着“格陵兰岛2026年成为美国领土”。
特朗普当天还发布了另一张图片:他在白宫办公室与欧洲领导人会面,后面展板上的地图中,除美国本土外,加拿大、格陵兰岛和委内瑞拉均被美国国旗覆盖。
特朗普20日还在社交媒体上称,他与北约秘书长吕特就格陵兰岛问题进行了电话交谈,他同意与各方在瑞士达沃斯就该问题举行会议。特朗普称,自己已向所有人明确表明,格陵兰岛“对美国国家和全球安全至关重要,此事没有回头路”。(完)
