Media
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အီရန်အရေး အထူးအစည်းအဝေးတွင် အခြေခံမူရပ်တည်ချက်အား တရုတ်နိုင်ငံက ရှင်းလင်းပြောကြား
ဂျီနီဗာ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် ဇန်နဝါရီ ၂၃ ရက်တွင် အထူးအစည်းအဝေးကျင်းပ၍ အီရန်နိုင်ငံ လူ့အခွင့်အရေး အခြေအနေအား ဆွေးနွေးခဲ့သည်။
အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ (ဂျီနီဗာရုံး) တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်နှင့် ဆွစ်ဇာလန် အခြေစိုက် အခြား နိုင်ငံတကာအဖွဲ့အစည်းများ ကိုယ်စားလှယ် ကျာကွေ့တယ်သည် တရုတ်ဘက် ရပ်တည်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံအသီးသီးသည် လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းအား ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိကြောင်း၊ လူ့အခွင့်အရေးပြဿနာကို အကြောင်းပြု၍ သူတစ်ပါးနိုင်ငံ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်ခြင်းကို ကန့်ကွက်ကြောင်း၊ ကာယကံရှင်နိုင်ငံ၏ ခွင့်ပြုချက်မရရှိဘဲ နိုင်ငံအလိုက် လူ့အခွင့်အရေးယန္တရားအား အတင်းအဓမ္မဖော်ဆောင်ခြင်းကို ကန့်ကွက်ကြောင်း၊ လူ့အခွင့်အရေးပြဿနာတွင် စံနှုန်းနှစ်မျိုး လုပ်ဆောင်ခြင်းကို ကန့်ကွက်ကြောင်း ထောက်ပြပြောကြားခဲ့သည်။
အီရန်နိုင်ငံ ပြည်တွင်း၌ ဖြစ်ပွားသည့်အရေးကိစ္စ၏ မူလအကြောင်းအရာမှာ အီရန်၏ ပြည်တွင်းရေးပင်ဖြစ်သဖြင့် အီရန်ပြည်သူများက ကိုယ်တိုင်ဆုံးဖြတ်သင့်သည်ဟု ကျာကွေ့တယ်က အလေးထားပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ရည်ရွယ်ချက် အခြေခံမူနှင့် နိုင်ငံတကာဥပဒေအား လိုက်နာခြင်းကို အစဉ်တစိုက် လက်ကိုင်ထားပြီး နိုင်ငံတကာဆက်ဆံရေးတွင် လက်နက်အင်အား အသုံးပြုခြင်း သို့မဟုတ် လက်နက်အင်အား အသုံးပြုမည်ဟု ခြိမ်းခြောက်ခြင်း၊ မိမိနိုင်ငံ၏ဆန္ဒအား သူတစ်ပါးနိုင်ငံထံ အတင်းအဓမ္မ သွတ်သွင်းခြင်းအား ဆန့်ကျင်ကန့်ကွက်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အီရန်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား လေးစားသည့် အခြေအနေတွင် အီရန်နိုင်ငံ အစိုးရနှင့် ပြည်သူများက အခက်အခဲကျော်ဖြတ်ရန်၊ နိုင်ငံတည်ငြိမ်မှုကို ထိန်းသိမ်းရန်၊ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားအား ကာကွယ်ထိန်းသိမ်းရန်တို့ကို ထောက်ခံအားပေးသင့်ကြောင်း၊ ဘက်အသီးသီးက တွေ့ဆုံဆွေးနွေးမှုဖြင့် ကွဲလွဲမှုများကို ဖြေရှင်းရန် တရုတ်နိုင်ငံအနေဖြင့် မျှော်လင့်လျက်ရှိသလို ယင်းအတွက်လည်း အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
လတ်တလောကာလအတွင်း အီရန်နိုင်ငံ ပြည်တွင်းအခြေအနေက ကျယ်ကျယ်ပြန့်ပြန့် ဂရုပြုခြင်းခံသဖြင့် အိုက်စလန် စသည့် နိုင်ငံများ၏ တောင်းဆိုချက်အရ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် ယခုအကြိမ် အထူးအစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
——————
(Chinese Version)
中方在人权理事会伊朗特别会议阐述原则立场
新华社日内瓦1月23日电 联合国人权理事会23日召开特别会议讨论伊朗人权状况。中国常驻联合国日内瓦办事处和瑞士其他国际组织代表贾桂德阐述中方立场,指出各国有权自主选择人权发展道路,反对借人权问题干涉别国内政,反对未经当事国同意强推国别人权机制,反对在人权问题上搞双重标准。
贾桂德强调,伊朗国内发生的事情本质是伊朗内政,应当由伊朗人民自主决定。中方一贯主张遵守联合国宪章宗旨原则和国际法,反对在国际关系中使用或威胁使用武力,将本国意志强加于别国。国际社会应在尊重伊朗主权、安全和领土完整前提下,支持伊朗政府和人民克服困难,保持国家稳定,维护正当权益。中方希望各方通过对话解决分歧,愿为此发挥建设性作用。
近期,伊朗国内局势引发广泛关注,应冰岛等国家要求,联合国人权理事会举行此次特别会议。(完)
