Connect with us

Media

ဗင်နီဇွဲလားအပေါ် အမေရိကန် လက်နက်အင်အား အသုံးပြုခြင်းအား လူလာနှင့် မက်ခရွန် အတူတကွ ပြစ်တင်ရှုတ်ချ

ဘရာဇီးလီးယား၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ သမ္မတ လူလာနှင့် ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန် တို့သည် ဇန်နဝါရီ ၂၇ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဗင်နီဇွဲလားအပေါ် အမေရိကန်က လက်နက်အင်အား အသုံးပြုခြင်းအား အတူတကွ ပြစ်တင်ရှုတ်ချပြီး ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် စပ်လျဉ်းသော အဆိုပြုချက်မှန်သမျှသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်နှင့် “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” ၏ ရည်ရွယ်ချက်၊ အခြေခံမူနှင့် ကိုက်ညီသင့်ကြောင်း တစ်ပြေးညီယူဆကြသည်။
တစ်နာရီခန့်ကြာ ဖုန်းဖြင့်ဆက်သွယ်မှုအတွင်း နှစ်နိုင်ငံခေါင်းဆောင်များက ဗင်နီဇွဲလား အခြေအနေနှင့်စပ်လျဉ်း၍ သဘောထားအမြင်ချင်း ဖလှယ်ခဲ့ပြီး နိုင်ငံတကာဥပဒေအား ချိုးဖောက်သည့် အမေရိကန်၏ လက်နက်အင်အားသုံးလှုပ်ရှားမှုကို အတူတကွပြစ်တင်ရှုတ်ချခဲ့ကာ တောင်အမေရိကတိုက်သာမက တစ်ကမ္ဘာလုံး၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် များစွာအရေးပါသည်ဟု တစ်ပြေးညီယူဆကြကြောင်း ဘရာဇီးနိုင်ငံအစိုးရက ထိုနေ့တွင်ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
လူလာနှင့် မက်ခရွန်တို့သည် အမေရိကန်က ကမကထပြုသည့် “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” အကြောင်းလည်း ဆွေးနွေးခဲ့သည်။ ၎င်းတို့က သက်ဆိုင်ရာနိုင်ငံတကာအရေးကိစ္စများ၌ ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် စပ်လျဉ်းသော အဆိုပြုချက်မှန်သမျှသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်နှင့် “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” ၏ ရည်ရွယ်ချက်၊ အခြေခံမူနှင့် ကိုက်ညီသင့်ကြောင်း အဆိုပြုကြသည်။
ယခုလ ဇန်နဝါရီ ၁၇ ရက်တွင် တရားဝင်ချုပ်ဆိုခဲ့သည့် တောင်အမေရိက ဘုံဈေးကွက် (MERCOSUR) – ဥရောပသမဂ္ဂ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်သည် နှစ်ဖက်လုံးအတွက် အကျိုးရှိသလို နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒနှင့် စည်းမျဉ်းအား အခြေခံသည့် ကုန်သွယ်ရေးအား ထိန်းသိမ်းရန်အတွက်လည်း အကျိုးပြုကြောင်း လူလာက ဖုန်းဖြင့်ဆက်သွယ်မှုအတွင်း ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
卢拉与马克龙通电话 共同谴责美国对委内瑞拉动武
新华社巴西利亚1月27日电(记者吴昊)巴西总统卢拉27日与法国总统马克龙通话,共同谴责美国对委内瑞拉动用武力,并一致认为任何有关和平与安全的倡议都应符合联合国安理会授权以及《联合国宪章》宗旨和原则。
巴西政府当天发布声明说,在持续约一小时的通话中,两国元首就委内瑞拉局势交换意见,共同谴责美国违反国际法的武力行动,并一致认为南美洲乃至世界的和平与稳定至关重要。
卢拉和马克龙还讨论了美国发起所谓“和平委员会”。他们主张加强联合国在相关国际事务中的作用,任何有关和平与安全的倡议都应符合安理会授权以及《联合国宪章》宗旨和原则。
卢拉在通话中重申,本月17日正式签署的南方共同市场-欧盟自贸协定对双方都有利,也有利于维护多边主义和基于规则的贸易。(完)