Media
တရုတ်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံသမ္မတများ တွေ့ဆုံဆွေးနွေး
ပေကျင်း၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တောင်ကိုရီးယားနိုင်ငံ သမ္မတ လီဂျေမြောင်နှင့် ပေကျင်းမြို့တော်တွင် ဇန်နဝါရီ ၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးမြှင့်တင်ရန်၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းရန် နှစ်ဘက်လုံးက သဘောတူခဲ့ကြကြောင်း သိရသည်။
ယခုခရီးစဉ်သည် လီအနေဖြင့် သမ္မတတာဝန်ထမ်းဆောင်ချိန်မှစ၍ တရုတ်နိုင်ငံသို့ ပထမဆုံး ခရီးစဉ်လာရောက်ခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များသည် ဒုတိယအကြိမ် တွေ့ဆုံကြခြင်းဖြစ်ရာ အပြန်အလှန်ခရီးစဉ်များလည်း ရှိခဲ့ကြကာ တရုတ်-တောင်ကိုရီးယား ဆက်ဆံရေးကို နှစ်ဘက်လုံးက အထူးအလေးထားကြောင်းကို ထင်ဟပ်ပေါ်လွင်ခြင်းလည်း ဖြစ်ကြောင်း သိရသည်။
မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး မြှင့်တင်ခြင်း
တရုတ်နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံရေးကို ဒေသတွင်း သံတမန်ရေးလုပ်ငန်းစဉ်တွင် မြင့်မားသောနေရာ၌ အစဉ်အမြဲထားရှိပြီး တောင်ကိုရီးယားနှင့် ဆက်ဆံရေးမူဝါဒ၌လည်း စဉ်ဆက်မပြတ်ဖြစ်မှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားလျက်ရှိကြောင်း ရှီက ဆိုသည်။ ထို့ပြင် တရုတ်နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံနှင့်အတူ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းကို အခိုင်အမာ စောင့်ထိန်းရန်၊ အပြန်အလှန် အကျိုးဖြစ်ထွန်း၍ အပြန်အလှန် ရလဒ်ကောင်းများ ထွက်ပေါ်ရေး မူဝါဒကို ထိန်းသိမ်းရန်၊ ကောင်းမွန်သောလမ်းကြောင်းတစ်လျှောက် နှစ်နိုင်ငံ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန်၊ နှစ်နိုင်ငံ ပြည်သူများ၏ ကောင်းကျိုးချမ်းသာကို ထိရောက်စွာ မြှင့်တင်ပေးနိုင်ရန်၊ ဒေသတွင်းနှင့် ကမ္ဘာကြီး ငြိမ်းချမ်း၍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘော အကျိုးထမ်းဆောင်ရန် ဆန္ဒရှိကြောင်းလည်း ရှီက ဖြည့်စွက်ပြောခဲ့သည်။
နှစ်နိုင်ငံအနေဖြင့် အပြန်အလှန် ယုံကြည်မှု၊ နိုင်ငံကိုယ်စီဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းများကို အချင်းချင်း လေးစားရန်၊ တစ်နိုင်ငံ၏ ပင်မအကျိုးစီးပွားများနှင့် အဓိကစိုးရိမ်ပူပန်မှုများကို တစ်နိုင်ငံက ထည့်သွင်းစဉ်းစားရန်၊ ဆွေးနွေးမှုနှင့် ညှိနှိုင်းဆောင်ရွက်မှုများမှတစ်ဆင့် ကွဲပြားခြားနားမှုများကို အဖြေရှာရန် သမ္မတ ရှီက တိုက်တွန်းခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ သမ္မတ လီဂျေမြောင်က ၎င်းတို့နိုင်ငံအနေဖြင့် ယခုနှစ်၏ ပထမဆုံး နိုင်ငံ့ခေါင်းဆောင် သံတမန်အစည်းအဝေးကို အခွင့်အလမ်းအဖြစ် အသုံးပြုကာ ဘက်စုံပြန်လည်နာလန်ထူမှုနှင့် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန် ခိုင်မာရေး၊ ကွဲပြားမှုများကို ဖယ်ရှားလျက် ဘုံအခြေခံရှာဖွေရေး၊ တောင်ကိုရီးယား-တရုတ် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံမှု နက်ရှိုင်းရေးနှင့် နှစ်နိုင်ငံ ဆက်ဆံရေးစာမျက်နှာသစ် ဖွင့်လှစ်ရေးအတွက် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံ၏ ပင်မအကျိုးစီးပွားများနှင့် အဓိက စိုးရိမ်မှုများကို တောင်ကိုရီးယားက လေးစားမှုရှိသလို တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လေးစားလိုက်နာလျက်ရှိကြောင်း လီက အလေးထားပြောခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/9mQ
……………………………………..
(English Version)
Xinhua Headlines: Chinese, ROK leaders hold talks on bilateral ties, int’l affairs
BEIJING, Jan. 5 (Xinhua) — Chinese President Xi Jinping held talks with President of the Republic of Korea (ROK) Lee Jae Myung in Beijing on Monday, with both sides agreeing to enhance bilateral strategic partnership, promote practical cooperation, and strengthen multilateral coordination.
It is Lee’s first visit to China since he took office, and the two heads of state have met twice and conducted reciprocal visits, reflecting the importance both sides attach to China-ROK relations.
ENHANCING STRATEGIC PARTNERSHIP
China has consistently placed relations with the ROK high on its regional diplomatic agenda and maintained continuity and stability in its policy toward the ROK, Xi said, adding that China is willing to work with the ROK to firmly uphold the direction of friendly cooperation, adhere to the principle of mutual benefit and win-win outcomes, promote bilateral strategic partnership along a healthy path, effectively enhance the well-being of both peoples, and contribute positively to regional and global peace and development.
Xi called on both sides to enhance mutual trust, respect each other’s development paths, accommodate each other’s core interests and major concerns, and resolve differences properly through dialogue and consultation.
Lee said the ROK side hopes to use the first head-of-state diplomatic meeting of the year as an opportunity to consolidate the momentum of the comprehensive recovery and development of bilateral relations, seek common ground while reserving differences, deepen the ROK-China strategic cooperative partnership, and open a new chapter of bilateral relations.
He emphasized that the ROK respects China’s core interests and major concerns, and adheres to the one-China principle.
Read xhtxs.cn/9mQ
Photo 1: Chinese President Xi Jinping holds a welcome ceremony for President of the Republic of Korea (ROK) Lee Jae Myung in the Northern Hall of the Great Hall of the People prior to their talks in Beijing, capital of China, Jan. 5, 2026. (Xinhua/Shen Hong)
Photo 2: Chinese President Xi Jinping and President of the Republic of Korea (ROK) Lee Jae Myung witness the signing of cooperation documents after their talks in Beijing, capital of China, Jan. 5, 2026. (Xinhua/Yue Yuewei)
Photo 3: Chinese President Xi Jinping holds talks with President of the Republic of Korea (ROK) Lee Jae Myung, who is on a state visit to China, at the Great Hall of the People in Beijing, capital of China, Jan. 5, 2026. (Xinhua/Liu Bin)
