Connect with us

Media

အမေရိကန် လွှတ်တော်အမတ်က ဂရင်းလန်းကျွန်းတွင် တရုတ်၊ ရုရှား သင်္ဘောများ ဖြန့်ကြက်နေရာချထားသည်ဟူသော ပြောဆိုချက် “မမှန်ကန်” ကြောင်းဆို

နုခ်၊ ဂရင်းလန်းကျွန်း၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

အမေရိကန်လွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းထားသော ခရီးစဉ်သွားရောက်သည့် အဖွဲ့တစ်ဖွဲ့သည် ဖေဖော်ဝါရီ ၉ ရက်တွင် ဂရင်းလန်းကျွန်း မြို့တော် နုခ်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ဆင်ဟွာသတင်းထောက်၏ မေးမြန်းမှုအား ဖြေကြားရာတွင် အမေရိကန် သမ္မတထရမ့်၏ ထိုမတိုင်မီ ပြောဆိုခဲ့သော ဂရင်းလန်းကျွန်း၌ “နေရာတကာ ရုရှားနဲ့ တရုတ်သင်္ဘောတွေချည်းပဲ” ဟူသည့် ပြောဆိုချက်သည် “မမှန်ကန်” ကြောင်း ပြောကြားခဲ့သည်။

ခရီးစဉ်သွားရောက်သည့်အဖွဲ့ခေါင်းဆောင်၊ အမေရိကန် မိန်းပြည်နယ် တစ်သီးပုဂ္ဂလ လွှတ်တော်အမတ် အန်းဂတ်စ်ကင်းက ဂရင်းလန်းကျွန်းသို့ ၎င်းတို့အဖွဲ့ ခရီးစဉ်သွားရောက်သည့်ကာလအတွင်း စောင့်ကြည့်လေ့လာမှုနှင့် ဒိန်းမတ်နိုင်ငံ အာတိတ်ဒေသ ပူးတွဲကွပ်ကဲရေးဌာနချုပ်က ပံ့ပိုးပေးသည့် အချက်အလက်များအရ ဂရင်းလန်းကျွန်းတွင် “နေရာတကာ ရုရှားနဲ့ တရုတ်သင်္ဘောတွေချည်းပဲ” နှင့် ဒေသတွင်း ကာကွယ်ရေးလုပ်ငန်းအတွက် အဓိကအားဖြင့် “ခွေးစွတ်ဖားလှည်း” ကို အားကိုးရသည် ဟူသော ထရမ့်၏ ပြောဆိုချက်များသည် “မမှန်ကန်” ကြောင်း ပြောကြားခဲ့သည်။ ဂရင်းလန်းကျွန်း၏ ကာကွယ်ရေးသည် တည်ငြိမ်မှုရှိပြီး မြှင့်တင်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
အခြားအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ အလက်စကာပြည်နယ် ရီပက်ဘလစ်ကန်ပါတီဝင် အထက်လွှတ်တော်အမတ် လီဆာ မာကိုစကီ က ထရမ့်၏ လတ်တလောကာလအတွင်း “ကျွန်းဝယ်ယူမှု” နှင့်စပ်လျဉ်းသည့် ပြောဆိုချက်နှင့် ခြိမ်းခြောက်မှုများသည် ဂရင်းလန်းကျွန်းပြည်သူများကို ထိခိုက်စေပြီး နှစ်ဖက်အကြား ယုံကြည်မှုကို ထိပါးကာ လျော့နည်းသွားစေကြောင်း ပြောကြားခဲ့သည်။
အဆိုပါခရီးစဉ်သွားရောက်သည့်အဖွဲ့၏ အဖွဲ့ဝင်များတွင် အမေရိကန် ရီပက်ဘလစ်ကန်ပါတီ၊ ဒီမိုကရက်တစ် ပါတီ စသည့်ပါတီနှစ်ရပ်မှ ပါတီဝင်လွှတ်တော်အမတ်များ ပါဝင်ပြီး ဖေဖော်ဝါရီ ၇ ရက်တွင် နုခ်မြို့သို့ ရောက်ရှိခဲ့သည်။ ယင်းသည် ဒိန်းမတ်အပြင် ဂရင်းလန်းကျွန်းဘက်နှင့်ပါ “ဆက်ဆံရေး ပြန်လည်တိုးတက်လာစေ” ပြီး “ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန်” ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

—————–
(Chinese Version)
美国议员:所谓格陵兰岛遍布中俄船只“不属实”
新华社格陵兰岛努克2月9日电(记者姚雨璘 张玉亮)一个由美国国会议员组成的访问团9日在格陵兰岛首府努克举行的新闻发布会上接受新华社记者提问时说,美总统特朗普此前所谓格陵兰岛“到处是俄罗斯和中国船只”的说法“不属实”。
访问团领队、缅因州独立参议员安格斯·金说,根据团队在格陵兰岛访问期间的观察以及丹麦北极联合司令部提供的信息,特朗普所谓格陵兰岛“到处是俄罗斯和中国船只”以及当地防务主要依靠“狗拉雪橇”的说法均“不属实”。他表示,格陵兰岛的防务稳固且正在加强。
另一名领队、阿拉斯加州共和党参议员莉萨·穆尔科斯基表示,特朗普近期有关“购岛”的言论及威胁令格陵兰岛人民感到受伤,侵蚀和削弱了双方之间的信任。
该访问团成员包括美共和党、民主党两党议员,于7日下午抵达努克,旨在与丹麦及格陵兰岛方面“修复关系”并“重建信任”。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.