Connect with us

Media

သမ္မတရှီက ခေတ်မီ ဆိုရှယ်လစ်နိုင်ငံ တည်ထောင်ရာတွင် သိပ္ပံနှင့်နည်းပညာ စွမ်းပကားကို ကိုယ့်အားကိုယ်ကိုး တည်ဆောက်ကြရန် အလေးအနက်မှာကြား

ပေကျင်း၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က သိပ္ပံနှင့်နည်းပညာ စွမ်းပကားကို ကိုယ့်အားကိုယ်ကိုး တည်ဆောက်ကြရန် အလေးထားမှာကြားခဲ့ကာ တရုတ်နိုင်ငံအား ခေတ်မီ ဆိုရှယ်လစ် အင်အားကြီးနိုင်ငံအဖြစ် တည်ဆောက်ရာတွင် ယင်းသည် အဓိကသော့ချက် ဖြစ်သည်ဟု ဖေဖော်ဝါရီ ၉ ရက်က အလေးထားပြောဆိုခဲ့သည်။
ပေကျင်းမြို့ရှိ နိုင်ငံ၏သတင်းအချက်အလက်နည်းပညာ တီထွင်ဆန်းသစ်မှုဥယျာဉ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးစဉ် ရှီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် မျှော်မှန်းချက်များ ပြည့်မြောက်အောင်မြင်ရန် ကြိုးပမ်းသည့်အနေဖြင့် အရေးကြီးလုပ်ငန်းတာဝန်များအတွက် အင်အားများကို စုစည်းခြင်း၊ ထိုးဖောက်အောင်မြင်မှုများ ရရှိရေးအတွက် အရည်အသွေးမြင့်မားသည့် အရင်းအမြစ်အားလုံးကို စုစည်းခြင်းနှင့် သိသာထင်ရှားသော အားနည်းချက်များအား ပိုမိုထိရောက်မြန်ဆန်စွာ ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ကြိုးပမ်းလုပ်ဆောင်ကြရန်လည်း ရှီက တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)
………………
(English Version)
Xi stresses sci-tech self-reliance in building modern socialist country
BEIJING, Feb. 9 (Xinhua) — Xi Jinping, general secretary of the Communist Party of China Central Committee, on Monday stressed self-reliance and strength in science and technology, hailing it as the “key” in building China into a great modern socialist country.
Xi made the remarks when he visited a national information technology innovation park in Beijing.
Xi urged efforts to concentrate strength for major undertakings, pool all quality resources to secure breakthroughs, and move faster to tackle prominent weaknesses, in a bid to achieve the country’s strategic objectives.

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.