Connect with us

Media

ယူနန်ပြည်နယ် စီတျန့်ခရိုင် နှစ်သစ်ကူးကုန်ပစ္စည်းဈေးကွက်တွင် ဂျုံရုပ်လက်ရာများ ရေပန်းစားလာ

ယူနန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)
နွေဦးပွဲတော်အခါသမယတွင် နှစ်သစ်ကူးကုန်ပစ္စည်းဈေးကွက်သည် တစ်နှစ်ပတ်လုံးတွင် အရောင်းကောင်းဆုံးအချိန်သို့ ရောက်ရှိလာခဲ့သည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါင်စန်းမြို့ စီတျန့်ခရိုင်တွင် ဂျုံရုပ်လက်ရာများက နွေဦးပွဲတော်ကာလအတွင်း ရေပန်းစားနှစ်ခြိုက်သော ဝယ်ယူသုံးစွဲမှုအသစ်ဖြစ်လာခဲ့သည်။ အရောင်အသွေးစုံလင်၍ ပုံစံသက်ဝင်လှုပ်ရှားသော မြင်းပုံစံ၊ ခြင်္သေ့ပုံစံ၊ တရုတ်အော်ပရာပြဇာတ် မျက်နှာဖုံးပုံစံ စသည့်လက်ရာများသည် သာယာချမ်းမြေ့၍ မင်္ဂလာခညောင်းကံကောင်းခြင်း အနက်အဓိပ္ပာယ်များ ရှိသည်သာမက ရိုးရာလက်မှုပညာကို ပိုမိုတက်ကြွသောအနေအထားဖြင့် လူနေမှုဘဝတွင် ပေါင်းစည်းပေးလိုက်ပေသည်။ (Xinhua)

—————–
(Chinese Version)
新春走基层|云南施甸:面塑走红年货市场
正值春节,年货市场迎来全年最红火的消费旺季。在云南省保山市施甸县,面塑正悄然成为春节期间消费的新热点。色彩明艳、造型生动的生肖马、福狮、脸谱等作品,不仅承载着幸福吉祥的寓意,还让传统手艺以更活泼的姿态走进日常生活。
作者:荆昭延、杨磊、段茸茸、杨林元