Media
ဆာနာအဲ တာကာအိချိအား ဂျပန်နိုင်ငံ၏ ၁၀၅ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်
တိုကျို၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဆာနာအဲ တာကာအိချိအား ဖေဖော်ဝါရီ ၁၈ ရက်တွင် အောက်လွှတ်တော်နှင့် အထက်လွှတ်တော်၏ ဝန်ကြီးချုပ်ရွေးချယ်ခန့်အပ်မှုရွေးကောက်ပွဲအရ ဂျပန်နိုင်ငံ၏ ၁၀၅ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။
အဆိုပါနေ့ နံနက်ပိုင်းတွင် ဂျပန်အစိုးရသည် အစိုးရအဖွဲ့ အစည်းအဝေးခေါ်ယူကျင်းပခဲ့ပြီး ဆာနာအဲ တာကာအိချိ၏ ပထမအကြိမ် အစိုးရတစ်ရပ်လုံး ရာထူးမှနုတ်ထွက်ခဲ့သည်။ ထို့နောက်မကြာမီတွင်ပင် ဂျပန် အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တို့က ဝန်ကြီးချုပ်ရွေးချယ်ခန့်အပ်မှုရွေးကောက်ပွဲကို သီးခြားကျင်းပခဲ့သည်။
အောက်လွှတ်တော်၏ ဝန်ကြီးချုပ်ရွေးချယ်ခန့်အပ်မှုရွေးကောက်ပွဲတွင် တာကာအိချိသည် တရားဝင်မဲ ၄၆၄ အနက် ၃၅၄ မဲ ရရှိခဲ့သည်။ အထက်လွှတ်တော်၏ ဝန်ကြီးချုပ်ရွေးချယ်ခန့်အပ်မှု ရွေးကောက်ပွဲတွင် မဲပေးမှု နှစ်ကြိမ်အပြီး တာကာအိချီသည် ဆန္ဒမဲ စုစုပေါင်း ၂၄၆ အနက် ၁၂၅ မဲ ရရှိခဲ့သည်။
ဆက်လက်ပြီး တာကာအိချိသည် အစိုးရအဖွဲ့သစ် ဖွဲ့စည်းရန် လုပ်ဆောင်သွားမည်ဖြစ်သည်။ ထိုနေ့ ညပိုင်းတွင် ဂျပန်ဘုရင့်နန်းတော်၌ ကျင်းပသော ဝန်ကြီးချုပ်ခန့်အပ်မှုနှင့် အစိုးရအဖွဲ့ဝန်ကြီးများ အသိအမှတ်ပြုပွဲအပြီးတွင် အစိုးရအဖွဲ့သစ်အား တရားဝင်ဖွဲ့စည်းမည်ဖြစ်သည်။
တာကာအိချိသည် လွန်ခဲ့သောနှစ် အောက်တိုဘာ ၄ ရက်တွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပြီး အောက်တိုဘာ ၂၁ ရက်တွင် ဂျပန်နိုင်ငံ၏ ၁၀၄ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရသည်။ ယခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် တာကာအိချိနှင့် အစိုးရအဖွဲ့ဝင်တစ်ရပ်လုံးသည် အစိုးရအဖွဲ့အစည်းအဝေး ကျင်းပကာ အောက်လွှတ်တော် ဖျက်သိမ်းရန် ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုခဲ့ပြီး ယင်းနောက် အောက်လွှတ်တော်ကို ဖျက်သိမ်းခဲ့သည်။ ဖေဖော်ဝါရီ ၈ ရက်တွင် ဂျပန်၌ အောက်လွှတ်တော် ရွေးကောက်ပွဲအတွက် မဲပေးခြင်း ကျင်းပခဲ့ရာ အာဏာရပါတီ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အမတ်နေရာ အရေအတွက်သည် သိသိသာသာ မြင့်တက်လာပြီး လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အမတ်နေရာ စုစုပေါင်း၏ သုံးပုံနှစ်ပုံကို ကျော်လွန်ခဲ့သည်။ အောက်လွှတ်တော်ရွေးကောက်ပွဲ ပြီးဆုံးပြီးနောက် ရက်ပေါင်း ၃၀ ရက်အတွင်း လွှတ်တော်ခေါ်ယူ၍ ဝန်ကြီးချုပ်ရွေးချယ်ခန့်အပ်မှုရွေးကောက်ပွဲကို ကျင်းပရန် ဂျပန် အခြေခံဖွဲ့စည်းပုံဥပဒေတွင် သတ်မှတ်ထားသည်။ (Xinhua)
…………………………..
(Chinese Version)
高市早苗当选日本第105任首相
新华社东京2月18日电(记者陈泽安 李子越)日本自民党总裁高市早苗18日经国会众议院和参议院首相指名选举当选日本第105任首相。
当天上午,日本政府召开内阁会议,第一届高市内阁全体辞职。随后,日本众议院和参议院分别进行首相指名选举。
在众议院首相指名选举中,高市在464张有效选票中获得354票;在参议院首相指名选举中,经过两轮投票,高市最终在246张选票中获得125票。
高市接下来将着手组建新内阁。当晚,在日本皇宫举行首相任命和内阁大臣认证仪式后,新内阁将正式成立。
高市于去年10月4日当选自民党总裁,10月21日当选日本第104任首相。今年1月23日,高市和全体阁僚举行内阁会议,通过众议院解散决议书,随后众议院解散。2月8日,日本举行众议院选举投票,执政党自民党议席数较选前大幅增加,超过众议院议席总数的三分之二。日本宪法规定,众议院选举结束后30天内须召集国会,进行首相指名选举。(完)
