Connect with us

Media

ခရိုအေးရှား လူပုံစံတူစက်ရုပ် “Tonka” အား စတင်မိတ်ဆက်

ဇာဂရပ်ဘ်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ခရိုအေးရှား လူပုံစံတူစက်ရုပ် “Tonka” ကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ခရိုအေးရှားနိုင်ငံ ဇာဂရပ်ဘ်မြို့ Rudjer Boskovic သုတေသနဌာန၌ ကျင်းပသည့် လူပုံစံတူစက်ရုပ်အစည်းအဝေးတွင် စတင်မိတ်ဆက်ခဲ့သည်။ ၎င်းစက်ရုပ်အား မိတ်ဆက်ပြသရာ၌ “Tonka” စက်ရုပ်သည် ချောမွေ့သောကပြဟန်နှင့် ကွန်ဖူးဖျော်ဖြေတင်ဆက်မှုတို့ဖြင့် ပရိသတ်များစွာ၏အမြင်အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
အဆိုပါစက်ရုပ်သည် တရုတ်ကုမ္ပဏီ Unitree Robotics ၏ G1 ပလက်ဖောင်းကို အခြေခံ၍ ဖန်တီးထားကာ အသံဆက်သွယ်ရေးစနစ်နှင့် မော်တာထိန်းချုပ်မှုမြှင့်တင်ခြင်းစနစ်ကိုမူ ခရိုအေးရှားကုမ္ပဏီ Vandri Robotics နှင့် ၎င်း၏ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်တို့ အတူဖော်ဆောင်ခြင်းဖြစ်သည်။ အစည်းအဝေး၌ တင်ဆက်ပြသရာ၌ “Tonka” စက်ရုပ်သည် အကနှင့် ကွန်ဖူးလှုပ်ရှားချက်များဖြင့် ဖျော်ဖြေပြသခဲ့ပြီး ခရိုအေးရှား ဘာသာစကားကိုအသုံးပြု၍ လူနှင့်အပြန်အလှန်ပြောဆိုနိုင်သည့်အပြင် တရုတ်ဘာသာစကားဖြင့် တရုတ်သတင်းထောက်ကိုလည်း နှုတ်ဆက်ခဲ့သည်။
Vandri Robotics ကုမ္ပဏီ ဒါရိုက်တာနှင့် ပူးတွဲတည်ထောင်သူ Tadej Slapnik က လက်ရှိတွင် ရှေ့ပြေးစီမံကိန်းတစ်ခုကို ခရိုအေးရှားနိုင်ငံ ခရီးသွားဒေသဖြစ်သည့် Opatija တွင် လုပ်ဆောင်လျက်ရှိကြောင်း၊ အနာဂတ် ၃ လမှ ၄ လအတွင်း ကျွမ်းကျင်စက်ရုပ်ဧည့်ကြိုများကို စတင်အသုံးပြုမည်ဖြစ်ပြီး အဆိုပါစက်ရုပ်များသည် ဧည့်သည်များအားကြိုဆိုခြင်း၊ အမှာစာစီမံခန့်ခွဲခြင်းနှင့် သတင်းအချက်အလက် စုံစမ်းမေးမြန်းမှု စသည့်ဝန်ဆောင်မှုများကို တာဝန်ယူ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
基于中国平台打造 克罗地亚人形机器人“通卡”亮相
新华社萨格勒布2月25日电(记者马震)克罗地亚人形机器人“通卡”25日在萨格勒布鲁杰尔·博什科维奇研究所举办的人形机器人大会上亮相。展示期间,“通卡”以流畅的舞姿和功夫动作吸引了众多观众的目光。
该机器人基于中国公司宇树科技的G1平台打造,语音通信系统和增强电机控制系统由克罗地亚万德里机器人公司与其合作伙伴共同开发。大会展示环节中,“通卡”表演了舞蹈和功夫动作,并能用克罗地亚语与人对话,还用中文向中国记者表达问候。
万德里机器人公司董事兼联合创始人塔代伊·斯拉普尼克告诉新华社记者,目前,一个试点项目正在克罗地亚旅游胜地奥帕蒂亚进行,预计未来三至四个月内,专业的机器人接待员将投入使用,负责迎宾、预订管理及信息咨询等服务。(完)