Connect with us

Media

ယူနန်ပြည်နယ် ဟွေ့ကျယ်တွင် ရေခဲဆီးနှင်းကဏ္ဍဖြင့် နယ်စပ်ဖြတ်ကျော်ခရီးသွားလာမှုအရှိန် မြှင့်တင်ပေး

ယူနန်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

တာ့ဟိုင်ချောင်ဆန်း နှင်းလျှောစီး အပန်းဖြေစခန်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ချွီကျင့်မြို့ ဟွေ့ကျယ်ခရိုင်၌ တည်ရှိပြီး တစ်မူထူးခြားသည့် တောင်ပေါ်ဒေသရာသီဥတုက ဆီးနှင်းရာသီကို ရက်ပေါင်း ၁၀၀ ကျော် ကြာမြင့်စေရာ ကုန်းမြင့်တောင်ပေါ် ဆီးနှင်းအားကစားများ လုပ်ဆောင်ရန်အတွက် သဘာဝတရားကပေးသော အားသာချက်များ ရှိပေသည်။

ယခုနှစ် ဆီးနှင်းရာသီသစ်မှစ၍ အပန်းဖြေစခန်းသည် ဗီယက်နမ်၊ ထိုင်း၊ စင်ကာပူ စသည့် နိုင်ငံများမှ ခရီးသွားလုပ်ငန်းများနှင့် ပူးပေါင်း၍ ရေခဲဆီးနှင်းကဏ္ဍ သီးသန့်ခရီးစဉ်များကို ဖော်ဆောင်ပြီး “နှင်းလျှောစီးခြင်း + နယ်စပ်ဖြတ်ကျော်ခရီးသွားလာခြင်း” လုပ်ငန်းကွင်းဆက်ကို တည်ဆောက်ခဲ့သည်။ တာ့ဟိုင်ချောင်ဆန်း နိုင်ငံတကာနှင်းလျှောစီးကွင်းသို့ ပြည်တွင်းခရီးသွားများ လာရောက်သည်သာမက အရှေ့တောင်အာရှခရီးသွားဧည့်သည်များက ဆောင်းရာသီ ရေခဲဆီးနှင်းခရီးသွားလာမှုအတွက် လာရောက်ရာနေရာ ပင်ဖြစ်လာပြီး နယ်စပ်ဖြတ်ကျော်ခရီးသွားကဏ္ဍ ခေတ်ရေစီးကြောင်း၏ အရှိန်ကို မြှင့်တင်ပေးလျက်ရှိသည်။
ယခုနှစ် ဆီးနှင်းရာသီတွင် ထိုင်း၊ မြန်မာ၊ ဗီယက်နမ်နှင့် စင်ကာပူ စသည့် နိုင်ငံများမှ ခရီးသွားဧည့်သည်များလာရောက်မှု ခရီးစဉ်အကြိမ်ရေ တစ်သောင်းကျော်ရှိပြီဖြစ်သည်။ (Xinhua)
####Travel #တရုတ် #ဆီးနှင်း #ခရီးသွား
———————
(Chinese Version)
云南会泽:冰雪燃动跨境游
大海草山滑雪旅游度假区位于云南省曲靖市会泽县,独特的高山气候让雪季可持续100天以上,具备开展高山冰雪运动的天然优势。
今年新雪季以来,度假区与越南、泰国、新加坡等国旅行社建立合作,推出冰雪旅游专线,构建起“滑雪+跨境旅游”产业链。大海草山国际滑雪场,不仅迎来了国内客流,更成为东南亚游客冬季冰雪旅游的目的地,掀起跨境旅游热潮。今年雪季以来,泰国、缅甸、越南,还有新加坡等国家的游客数量已经突破了1万人次。