Media
မက်ခရွန်က ဟော်မုဇ်ရေလက်ကြား ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်ကို အာမခံပေးရန် အီရန်သမ္မတကို တယ်လီဖုန်းဖြင့်ဆက်သွယ်တိုက်တွန်း
ပဲရစ်၊ မတ် ၁၀ ရက် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်သည် မတ် ၈ ရက်တွင် အီရန်နိုင်ငံ သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်နှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ရာတွင် အီရန်အနေဖြင့် ဟော်မုဇ်ရေလက်ကြား ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်ကို အာမခံပေးရန် တိုက်တွန်းကာ ပြင်သစ်ဘက်က အီရန်နျူကလီးယားအရေးနှင့် ပဲ့ထိန်းဒုံးကျည်အစီအစဉ်အပေါ် များစွာဂရုပြုမှုကို ထပ်လောင်းပြောကြားခဲ့သည်။
မက်ခရွန်က လူမှုမီဒီယာတွင် ထုတ်ပြန်သည့် သတင်းအရ အရေးကြီးစိန်ခေါ်မှုများကို ရင်ဆိုင်ရန်၊ အခြေအနေ အဆင့်မြင့်တက်လာမှုအား အဆုံးသတ်၍ ငြိမ်းချမ်းရေးအား ကာကွယ်ထိန်းသိမ်းရန် အလို့ငှာ “သံတမန်ရေး နည်းလမ်းဖြင့် ဖြေရှင်းခြင်း” သည် ယခင်မည်သည့်အချိန်ကထက်မဆို အရေးတကြီးလိုအပ်နေကြောင်း ၎င်းအနေဖြင့် မာဆော့ ပါဇက်ရှ်ကီရမ်ထံ ပြောကြားခဲ့သည်ဟု သိရသည်။
မက်ခရွန်သည် ထိုနေ့တွင် အီဂျစ်နိုင်ငံ သမ္မတ အယ်လ်-စီစီနှင့်လည်း ဖုန်းဖြင့်ဆက်သွယ်ခဲ့သည်။ နှစ်ဖက်အနေဖြင့် ပင်လယ်နီ ရေကြောင်းပို့ဆောင်ရေး၏ ဘေးကင်းလုံခြုံမှုအား အမြန်ဆုံးအာမခံပေးရန် မဖြစ်မနေ လုပ်ဆောင်ရမည်ဟု တစ်ပြေးညီယူဆကြောင်း ၎င်းက လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။ အဆိုပါအရေးကြီးဒေသ၏ ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်သည် စီးပွားရေးအစုအဖွဲ့အားလုံးအတွက် အလွန်အရေးကြီးရာ အထူးသဖြင့် စွမ်းအင်အရင်းအမြစ်ပို့ဆောင်မှုနှင့် ပတ်သက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လတ်တလောကာလတွင် စစ်ပွဲ၏ သက်ရောက်မှုခံရခြင်းကြောင့် အရှေ့အလယ်ပိုင်းဒေသ ရေနံပို့ဆောင်မှုသည် အဆက်မပြတ် တားဆီးပိတ်ဆို့မှုခံရပြီး အီရတ်၊ ကာတာ စသည့် အဓိကရေနံထွက်နိုင်ငံများသည် ထိုမတိုင်မီ ရေနံထုတ်လုပ်မှုလျှော့ချကြောင်း ကြေညာခဲ့သည်။ ဟော်မုဇ်ရေလက်ကြား ဟူသည့် တစ်ကမ္ဘာလုံးတွင် အရေးကြီး စွမ်းအင်လမ်းကြောင်းသည် ဆက်လက်ကန့်သတ်ခံနေရပါက လာမည့် စနေ၊ တနင်္ဂနွေအထိ အရှေ့အလယ်ပိုင်းဒေသ ရေနံစိမ်းများ နေ့စဉ်ပျမ်းမျှလျော့နည်းသွားမည့်အထွက်နှုန်းသည် ပီပါ ၄ သန်းကျော်ရှိနိုင်ကြောင်း J.P. Morgan က ခန့်မှန်းထားသည်။ (Xinhua)
——————–
(Chinese Version)
马克龙同伊朗总统通话 呼吁保障霍尔木兹海峡航行自由
新华社巴黎3月8日电(记者孙毅)法国总统马克龙8日同伊朗总统佩泽希齐扬通电话,呼吁伊方保障霍尔木兹海峡的航行自由,并重申法方对伊朗核问题及弹道导弹计划的深切关注。
据马克龙在社交媒体发布的消息,他对佩泽希齐扬表示,为应对关键挑战、结束局势升级并维护和平,“外交解决”比以往任何时候都更加必要。
马克龙当天还和埃及总统塞西通话。他在社交媒体上说,双方一致认为必须尽快确保红海海上运输的安全。他表示,这一关键区域的航行自由对所有经济体都至关重要,尤其关系到能源资源的运输。
受近来战事影响,中东地区石油运输持续受阻,伊拉克、卡塔尔等主要产油国此前已宣布减产。摩根大通估计,如果霍尔木兹海峡这一全球重要能源通道继续受限,截至下周末中东地区原油日均减产量可能超过400万桶。(完)
