Connect with us

Media

တရုတ်နိုင်ငံ၏ ဒုတိယမြောက် ပြည်တွင်းထုတ် အပျော်စီးသင်္ဘောကြီး Adora Flora City ကို နှစ်မကုန်မီ လွှဲပြောင်းမည်

ရှန်ဟိုင်း၊ မတ် ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ဒုတိယမြောက် ပြည်တွင်းထုတ် အပျော်စီးသင်္ဘောကြီးကို ပင်မအဆောက်အအုံ တည်ဆောက်ပြီးစီးခြင်းနှင့်အတူ ၂၀၂၆ ခုနှစ် နှစ်မကုန်မီ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သင်္ဘောတည်ဆောက်ရေးကုမ္ပဏီ China State Shipbuilding Corporation (CSSC) ထံမှ သိရသည်။

အပျော်စီးသင်္ဘောကြီး Adora Flora City ကို နောက်ထပ်စမ်းသပ်အဆင့် သင်္ဘောဆိုက်ကပ်ခြင်းလုပ်ဆောင်ရန် မတ် ၂၀ ရက်တွင် ကမ်းမှထွက်ခွာရန် စီစဉ်ထားပြီး ပင်လယ်ပြင်စမ်းသပ်မှုများကိုမူ မေလနှောင်းပိုင်း၌ လုပ်ဆောင်ရန် စီစဉ်ထားကြောင်း သင်္ဘောတည်ဆောက်ရေးကုမ္ပဏီက ပြောကြားခဲ့သည်။

စုစုပေါင်းတန်ချိန် ၁၄၁,၉၀၀ တန်ရှိသော အဆိုပါ အပျော်စီးသင်္ဘောကြီးသည် တရုတ်နိုင်ငံ၏ ကြီးမားသော အပျော်စီးသင်္ဘော တည်ဆောက်မှု စွမ်းဆောင်ရည်၌ နောက်ထပ်ခြေလှမ်းအဖြစ် ကိုယ်စားပြုခြင်းဖြစ်သည်။
တရုတ်နိုင်ငံက ပြည်တွင်း၌ ပထမဆုံးတည်ဆောက်ခဲ့သော အပျော်စီးသင်္ဘောကြီး Adora Magic City နှင့် နှိုင်းယှဉ်ပါက ယခုသင်္ဘောအသစ်တွင် ဒီဇိုင်းပိုင်းနှင့် တည်ဆောက်ရေးအဆင့်မြှင့်တင်မှုများစွာ ပါဝင်လျက်ရှိသည်။ ကုမ္ပဏီ၏ အဆိုအရ ထိုသင်္ဘောကြီးသည် ၁၇.၄ မီတာ ရှည်လျားပြီး အများပြည်သူဆိုင်ရာဧရိယာများ တိုးချဲ့ထားသလို သင်္ဘောပေါ် သက်သောင့်သက်သာဖြစ်မှုကိုလည်း တိုးမြှင့်ထားကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
China’s second homegrown large cruise ship to be delivered by year end
China’s second domestically built large cruise ship is expected to be delivered by the end of 2026, with the construction of its main structure completed, according to the shipbuilder, China State Shipbuilding Corporation (CSSC).
The large cruise ship, Adora Flora City, is scheduled to undock on March 20 for the next test phase of dockside mooring, and sea trials are scheduled for late May, said the shipbuilder.
With a gross tonnage of 141,900 tonnes, the cruise ship represents a further step forward in China’s large cruise ship construction capability.
Compared with the country’s first domestically built large cruise ship, the Adora Magic City, the new vessel features a series of design and construction upgrades. According to the company, the ship is 17.4 meters longer, offers expanded public areas and enhanced onboard comfort.