Media
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ အကြောင်းအရာများ – စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအုတ်မြစ်ပန်းချီအား တူစုံလက်ညီရေးဆွဲကြ
ယူနန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)
တစ်မြစ်တည်းရေကို တူစုံသောက်သုံး၍ ကံကြမ္မာချင်းချိတ်ဆက်လျက်ရှိကြသည်။ လန်ချန်းမြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့ အတူဆွေးနွေး၊ အတူတည်ဆောက်၊ အတူမျှဝေကြသည့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုယန္တရား ပုံစံသစ်ဖြစ်ပြီး ၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်တွင် တရားဝင်စတင်ခဲ့သည်။ ဆယ်စုနှစ်တစ်ခုကြာကာလတွင် နိုင်ငံ ၆ နိုင်ငံသည် “ဖွံ့ဖြိုးတိုးတက်မှု ဦးစားပေးခြင်း၊ တန်းတူညီမျှ ညှိနှိုင်းဆွေးနွေးခြင်း၊ လက်တွေ့ကျ၍ ထိရောက်မှုမြင့်မားခြင်း၊ တံခါးဖွင့်လှစ်၍ အားလုံးပါဝင်ခြင်း” ဟူသော လန်ချန်း-မဲခေါင် စိတ်ဓာတ်ကို လက်ကိုင်ထားကာ ဆိုးတူကောင်းဖက်၊ တစ်စိတ်တစ်ဝမ်းတည်းဖြင့် အခက်အခဲများကို အတူတကွ ကျော်ဖြတ်ကြသည့် လန်ချန်း-မဲခေါင် မိသားစုဥယျာဉ်ကို စုပေါင်းအင်အားဖြင့် တည်ဆောက်ခဲ့ကြသည်။
၂၀၂၆ ခုနှစ် “လန်ချန်း-မဲခေါင် သီတင်းပတ်” ရောက်ရှိလာတော့မည့်အခါသမယတွင် ယခင်က အတူလက်တွဲ ထွန်ရက်ပျိုးထောင်ခဲ့သည့် အောင်မြင်မှုအသီးအပွင့်များကို ပြန်လည်အောက်မေ့ရန်နှင့် အေးအတူ ပူအမျှ နေထိုင်ကြသော နွေးထွေးဖွယ်အခိုက်အတန့်များကို ခံစားသိရှိနိုင်ရန် “လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ အကြောင်းအရာ” မိုက်ခရိုဗီဒီယိုများကို တင်ဆက်သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးဆိုင်ရာအချက်အလက်များကို အဓိကအားဖြင့် လူအင်အားနှင့် စက္ကူမြေပုံများကိုသာ အားကိုး၍ ကာလကြာရှည်စွာ စုဆောင်းခဲ့ကြရသည်။ ခက်ခဲပင်ပန်းခြင်းမှာ မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍဝန်ထမ်းများ၏ တူညီသည့် အမှတ်ရစရာ ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွဋ်က ယခင်က မုန်တိုင်းတိုက်ခတ်မှုဖြစ်စဉ်ကြုံတိုင်း သီးနှံစိုက်ပျိုးမြေတွေ ရေကြီးနစ်မြုပ်မှုဖြစ်သည့်အခါ၌ အောက်ခြေဝန်ထမ်းများအနေဖြင့် ဆိုးရွားသည့်ရာသီဥတုအခြေအနေတွင်ပင် သွားရေးလာရေးယာဉ် စသည့် အခက်အခဲများကို ကျော်လွှားကာ မြေပြင်အထိ လမ်းလျှောက်ကွင်းဆင်း၍ အချက်အလက်ကောက်ယူရလေ့ရှိကြောင်း ပြောကြားခဲ့သည်။
ယင်းမှာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အပြောင်းအလဲများဖြစ်လာသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ၏ ပံ့ပိုးမှုဖြင့် သီးနှံအထွက်နှုန်း ဆန်းစစ်အကဲဖြတ်ဗဟိုဌာနကို မြန်မာနိုင်ငံ နေပြည်တော်တွင် တရားဝင်ဖွင့်လှစ်ခဲ့ရာ ခေတ်မီစိုက်ပျိုးရေးနည်းပညာများမှတစ်ဆင့် အဖွဲ့များက အချိန်တိုအတွင်း၌ပင် မြေယာ ဆန်းစစ်အကဲဖြတ်မှု အများအပြားကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန်၊ အချိန်နှင့်တစ်ပြေးညီ စိုက်ပျိုးရေးအခြေအနေကို သိရှိနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ကြသည်။
စီမံကိန်းအနေဖြင့် မွမ်းမံသင်တန်းနှင့် နှီးနှောဖလှယ်ပွဲများစွာ ကျင်းပခဲ့ပြီးဖြစ်ရာ ဒရုန်းထိန်းချုပ်လုပ်ဆောင်ခြင်း၊ ဒေတာစီမံခန့်ခွဲခြင်း စသည့်ကဏ္ဍများ လွှမ်းခြုံပါဝင်သည်။ တရုတ်နိုင်ငံ ပညာရှင်များနှင့် မြန်မာနိုင်ငံ ဝန်ထမ်းများမှာလည်း ပူးပေါင်းဆောင်ရွက်မှုဖြင့် နက်ရှိုင်းသည့်ချစ်ကြည်ရေးကို တည်ဆောက်ခဲ့ကြသည်။
“လမ်းလျှောက်ကွင်းဆင်းတိုင်းတာခြင်း” မှသည် “Cloud စနစ်သုံး စောင့်ကြည့်တိုင်းတာခြင်း” ဆီသို့ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် သိပ္ပံနည်းပညာကို အချက်အချာအဖြစ်ထားရှိကာ လန်ချန်း-မဲခေါင်နိုင်ငံများ၏ စိုက်ပျိုးရေးကဏ္ဍ အရှိန်မြှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒစ်ဂျစ်တယ်အသွင်ပြောင်း၍ အားဖြည့်ပေးခဲ့သည်။
ဒေါက်တာဝင်းထွဋ်က “ရှေ့ဆက်ပြီးတော့လည်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုက ပိုပြီးအားကောင်းလာမယ်လို့ ယုံကြည်တယ်” ဟု ဆိုသည်။ (Xinhua)
——————–
(Chinese Version)
澜湄合作故事|同绘农业发展底色
同饮一江水,命运紧相连。澜沧江—湄公河合作是中国同柬埔寨、老挝、缅甸、泰国、越南共商共建共享的新型区域合作机制,于2016年3月23日正式启动。10年来,六国秉持“发展为先、平等协商、务实高效、开放包容”的澜湄精神,合力打造休戚与共、和衷共济的澜湄家园。
在2026年“澜湄周”到来之际,我们推出“澜湄合作故事”系列微视频,与你一同回顾那些携手耕耘的硕果,感受命运与共的动人瞬间。
长期以来,缅甸主要依靠人力和纸质地图采集农业数据。艰辛,是许多缅甸农业工作者共同的记忆。
缅甸农业、畜牧和灌溉部土地登记与测量司司长温图介绍,过去每逢台风肆虐导致农田受淹,基层职员需要在恶劣天气下克服交通工具匮乏等艰苦条件,依靠徒步实地勘测。
改变,来自澜湄合作。2023年11月,在澜湄合作专项基金支持下,作物测产中心在缅甸内比都正式启用,希望通过现代化农业技术,让团队在短时间内完成大面积土地监测,实时掌握种植动态。
项目已开展多期培训与研讨,内容涵盖无人机操作、数据处理等。中国专家与缅甸工作人员也在合作中建立起深厚友谊。
从“徒步丈量”到“云端监测”,澜湄合作将以科技为纽带,助力澜湄国家农业发展插上数字化的翅膀。温图说:“相信未来澜湄合作会继续加强。”
编导:李俞辉、郭依格
记者:张东强、黎广滔
新华社亚太总分社
新华社音视频部
联合制作
