Connect with us

Media

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အီရန် နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီနှင့် ဖိတ်ကြားချက်အရ မတ် ၂၄ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့သည်။

အာရက်ဂ်ချီက ဒေသတွင်း၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်သည့် အပြောင်းအလဲအခြေအနေများကို ရှင်းလင်းပြောကြားသလို အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီများအား တရုတ်နိုင်ငံက ပံ့ပိုးပေးသည့်အပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

အီရန်ပြည်သူများက ပို၍ စည်းလုံးညီညွတ်စွာဖြင့် ပြည်ပကျူးကျော်မှုများအား ခုခံကာကွယ်သွားမည်ဖြစ်သလို နိုင်ငံ၏အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးကို ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း၊ အီရန်အနေဖြင့် ယာယီအပစ်ရပ်ခြင်းမဟုတ်သည့် စစ်ပွဲဘက်စုံရပ်တန့်ရေးကို ကြိုးပမ်းဖော်ဆောင်လျက်ရှိကြောင်း၊ ဟော်မုဇ်ရေလက်ကြားက အားလုံးအတွက် တံခါးဖွင့်ထားရာ ရေယာဉ်သင်္ဘောများအနေဖြင့် လုံခြုံစွာ ဖြတ်သန်းသွားနိုင်ကြောင်း၊ သို့သော် စစ်မက်ဖြစ်ပွားသည့်နိုင်ငံများကိုမူ ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း၊ ဘက်ပေါင်းစုံ ဆောင်ရွက်ကြသည့် အစီအမံများက ပဋိပက္ခအရှိန်မြှင့်တင်မှု မဟုတ်သည့် အခြေအနေပြေလျော့ရေးကို တွန်းအားပေးရာတွင် အကျိုးဖြစ်ထွန်း စေလိုကြောင်း၊ ငြိမ်းချမ်းရေးကိုမြှင့်တင်ဖော်ဆောင်ခြင်းနှင့် စစ်ပွဲအဆုံးသတ်ခြင်းအတွက် တရုတ်နိုင်ငံဘက်က အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်နိုင်ငံ၏ အခြေခံမူရပ်တည်ချက်များကို ထပ်လောင်းပြောကြားခဲ့ရာ အရေးကြီး ပြဿနာရပ်အားလုံးကို လက်နက်အင်အားသုံးခြင်းမဟုတ်ဘဲ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ဖြေရှင်းသင့်ကြောင်း အလေးထားပြောကြားခဲ့သည်။ တိုက်ခိုက်နေခြင်းထက် ဆွေးနွေးမှုက ပို၍ ကောင်းမွန်ကြောင်း၊ ယင်းမှာ အီရန်နိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားနှင့်ကိုက်ညီသလို နိုင်ငံတကာအသိုက်အဝန်း၏ ကျယ်ပြန့်သည့်သဘောဆန္ဒနှင့်လည်း လျော်ညီကြောင်း၊ ဘက်ပေါင်းစုံအနေဖြင့် ငြိမ်းချမ်းရေးအခွင့်အလမ်းနှင့် ပြတင်းပေါက်မှန်သမျှကို အမိအရဆုပ်ကိုင်ကာ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ် အမြန်ဆုံးပြန်လည်စတင်ရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဓမ္မဓိဋ္ဌာန်ကျ၍ တရားမျှတသည့် ရပ်တည်ချက်ကို ဆက်လက် လက်ကိုင်ထားမည် ဖြစ်ကြောင်း၊ အခြားနိုင်ငံ၏အချုပ်အခြာအာဏာကို ကျူးကျော်ခြင်းအား ဆန့်ကျင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုနှင့် စစ်ပွဲရပ်တန့်ရေးကို တက်ကြွစွာ ဖျောင်းဖျတိုက်တွန်းသွားမည် ဖြစ်သလို ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
王毅同伊朗外长阿拉格齐通电话
新华社北京3月24日电 中共中央政治局委员、外交部长王毅24日应约同伊朗外长阿拉格齐通电话。
阿拉格齐通报了地区局势发展演变的最新情况,感谢中方提供紧急人道主义援助。表示伊朗人民更加团结在一起,抵御外来侵略行径,维护国家主权和独立。伊方致力于实现全面停战而不仅仅是暂时停火。霍尔木兹海峡对所有人开放,船只可以安全通过,但正在交战的国家不在考虑之列。希望各方采取的举措有利于推动局势降温而非升级冲突。期待中方为促和止战继续发挥积极作用。
王毅重申了中方的原则立场,强调所有热点问题都应通过对话谈判解决,而不应使用武力。谈起来总比打下去好。这符合伊朗国家和人民的利益,也呼应了国际社会普遍愿望。希望各方抓住一切和平机会和窗口,尽快启动和谈进程。中方将继续秉持客观公正立场,反对侵犯别国主权,积极劝和止战,致力于地区和平稳定。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.