Connect with us

Media

မြန်မာနိုင်ငံ သမ္မတအဖြစ် ဦးမင်းအောင်လှိုင် ရွေးကောက်တင်မြှောက်ခံရသည့်အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဂုဏ်ပြုကြောင်း ပြောကြား

ပေကျင်း၊ ဧပြီ ၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတအဖြစ် ဦးမင်းအောင်လှိုင် ရွေးကောက်တင်မြှောက်ခံရခြင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် ဂုဏ်ပြုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဧပြီ ၃ ရက်တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးခွန်းများကို ပြန်လည်ဖြေကြားစဉ် ပြောကြားခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံသည် အစဉ်အလာအားဖြင့် ချစ်ကြည်ရင်းနှီးကြသော အိမ်နီးချင်းနိုင်ငံနှင့် အေးအတူပူအမျှ အသိုက်အဝန်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ချစ်ကြည်ရေးမူဝါဒမှာ မြန်မာပြည်သူတစ်ရပ်လုံးကို မျက်နှာမူကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အစိုးရသစ်၏ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်ဝပြောရေးကို ဖော်ဆောင်ခြင်းအား ထောက်ခံကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ ကြိုးပမ်းကာ ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး လေးရပ်အား ကောင်းမွန်စွာ အကောင်အထည်ဖော်ရန်၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” ပူးပေါင်းဆောင်ရွက်မှုကို အရည်အသွေးမြင့် အတူတည်ဆောက်ရေးအား တက်ကြွစွာ တွန်းအားပေးရန်၊ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှုဖြင့် လက်တွေ့အသီးအပွင့်ရလဒ်များကို ပိုမိုဖော်ဆောင်ရန်၊ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီပွားကို ပိုမိုကောင်းမွန်စွာ ထမ်းရွက်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
外交部:中方祝贺敏昂莱当选缅甸总统
新华社北京4月3日电(记者冯歆然、温馨)外交部发言人毛宁4月3日在例行记者会上答问时说,中方祝贺敏昂莱先生当选缅甸总统。中缅是传统友好邻邦和命运共同体,中国对缅友好政策面向全体缅甸人民。中方支持缅甸新政府维护国家和平稳定、实现发展繁荣,愿同缅方共同努力,落实好四大全球倡议,积极推进高质量共建“一带一路”合作,推动中缅命运共同体建设取得更多务实成果,更好造福两国人民。