Connect with us

Media

ယူနန်ပြည်နယ် ဖူအယ်မြို့တွင် ရှီးဟေးကွမ့် မျောက်လွှဲကျော် သားပေါက်လေးမွေးဖွား

ဖူအယ် (ယူနန်)၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
လတ်တလောကာလတွင် ယူနန်ပြည်နယ်ရှိ ဝူလျန့်တောင် အမျိုးသားသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဇုန် ကျင်တုန်း ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် အုပ်ချုပ်သည့်ဒေသ၌ သိပ္ပံသုတေသန စောင့်ကြည့်ရေးဝန်ထမ်းများက ပုံမှန်စောင့်ကြည့်မှုအတွင်း ရှီးဟေးကွမ့် မျောက်လွှဲကျော်အမ တစ်ကောင်၏ ရင်ခွင်ထဲတွင် မွေးကင်းစ မျောက်လွှဲကျော်သားပေါက်လေးတစ်ကောင် တိုးပွားလာသည်ကို တွေ့ရှိခဲ့သည်။ ရှီးဟေးကွမ့် မျောက်လွှဲကျော်သည် အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေး (IUCN) ၏ အနီရောင်အဆင့် ထိန်းသိမ်းရေးအမည်စာရင်းပါ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ် ဖြစ်သလို နိုင်ငံတော် ပထမအဆင့် အဓိကထားကာကွယ်ထိန်းသိမ်းသည့် တောရိုင်းတိရစ္ဆာန်လည်း ဖြစ်ပေသည်။ (Xinhua)

——————–
(Chinese Version)
云南普洱:西黑冠长臂猿添新丁
近日,云南无量山国家级自然保护区景东彝族自治县辖区,科研监测人员在开展日常监测时,拍摄到一只雌性西黑冠长臂猿怀里多了一只刚出生的猿宝宝。西黑冠长臂猿是世界自然保护联盟红色名录中的“极危”物种,也是国家一级重点保护野生动物。
记者:何春好、陈欣波