ကွမ်တုံ၊ အောက်တိုဘာ ၁၀ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်းကွမ်တုံပြည်နယ်တွင် တိုင်လုံးများပေါ်တွင်တက်ကာကပြရသည့် ခြသေ့ၤအကပြိုင်ပွဲကိုကျင်းပခဲ့သည်။ ပြိုင်ပွဲဝင်များမှာ သတ်မှတ်ထားသည့်တိုင်လုံးများပေါ်တွင်ကျွမ်းကျင်စွာကပြဖျော်ဖြေကြရသည်။ အချို့တိုင်လုံးများမှာရေထဲတွင်ပင်စိုက်ထူထားသည်များလည်းရှိပြီး ထိုတိုင်လုံးများမှအောက်သို့ပြုတ်မကျစေရန်အထူးသတိပြုကပြဖျော်ဖြေပြိုင်ပွဲဝင်ရခြင်းဖြစ်သည်။ (Xinhua)
ချန်းရှ ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအလယ်ပိုင်းချန်းရှမြို့တွင် တရုတ်ရိုးရာယဉ်ကျေးမှုနှင့်အနောက်တိုင်းနည်းပညာတို့ ပေါင်းစပ်တည်ဆောက်ထားသောမုန့်ကြိုးလိမ်တံတားကိုဖွင့်လှစ်ခဲ့သည်။ မြင်တွေ့နေကျပုံစံများနှင့်မတူပဲထူးခြားဆန်းပြားသည့်တံတားပုံစံကြောင့်စိတ်ဝင်စားသူများပြားခဲ့သည်။ (Xinhua)
ရန်ကုန် ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) ဘက်စုံ ကိုယ်ခံပညာသုံး MMA ပြိုင်ပွဲဖြစ်သည့် ONE:STATE OF WARRIORS ပြိုင်ပွဲတွင် ပြည်တွင်း အဓိက ပွဲစဉ်အဖြစ် မြန်မာစပါးကြီးမြွေဟု လူသိများသည့် အောင်လအန်ဆိုင်းသည် ပြိုင်ဘက် ပိုလန် နိုင်ငံသား မိုက်ကယ် ပက်စတားနက်အား ပွဲချိန်ပြည့် ၃...
ပေကျင်း ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၊ပေကျင်းမြို့လည်တွင် တရုတ်အမျိုးသားနေ့အားလပ်ရက်များအတွင်း ပိုးလမ်းမကြီး၏ရွှေရောင်တံတားကြီး ဟုအမည်တွင်သော ပန်းပုရုပ်တုကြီးကိုပြသခဲ့သည်။ ၂၈ မီတာရှည်သည့်အဆိုပါ တံတားကြီးကို တရုတ်နိုင်ငံ၏အထင်ကရ မဟာတံတိုင်းကြီးတွင် အသုံးပြုခဲ့သည့်အုတ်ချပ်များ၏အရွယ်အစားများအတိုင်း ရွှေရောင်အုတ်ချပ်ပေါင်း၂၀၀၀၀ တို့ကိုအသုံးပြုပြီးတည်ဆောက်ထားသည်။ တရုတ်လူမျိုးဗိသုကာပညာရှင် ရှုရောင်ဖန်တီးခဲ့သည့် တရုတ်နိုင်ငံအနောက်ပိုင်း၌ နှစ်ပေါင်း၁၄၀၀ သက်တမ်းရှိပြီးယနေ့ထက်တိုင်အသုံးပြုဆဲဖြစ်သောzhaozhou တံတားပုံစံကို အခြေခံပြီး ရွှေရောင်တံတားကြီးကိုဖန်တီးထားခြင်းဖြစ်သည်။...
တိဘက်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) တိတ်ဆိတ်အေးချမ်းလှတဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှာ အံ့သြဖွယ်ခရီးသွားအတွေ့အကြုံများစွာရရှိနိုင်ပါတယ်။ တိဘက်မြို့တော် လာဆာမြို့မှတစ်ဆင့်အခြားသောခရိုင်များကိုဆက်လက်သွားလာနိုင်ပါတယ်။ ပန်ဒူအို(Pangduo) ရေအားလျှပ်စစ်စက်ရုံ၊ ရိတင်း(Reting) ဘုန်းတော်ကြီးကျောင်း၊ နာဂန်လာ (Nagenla) တောင်ကြား၊ နမ့်ဆို တောင်ပေါ်ရေအိုင် (Namtso) တို့က တိဘက်ဒေသရဲ့ထင်ရှားတဲ့သွားရောက်လည်ပတ်ရန်နေရာများဖြစ်ပါတယ်။
ရန်ကုန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) နိုင်ငံတကာ မယ်စကြာဝဠာ ပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်ရွေးချယ်သည့် မယ်စကြာဝဠာ(မြန်မာ) ၂၀၁၇ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အလှမယ် ၂၆ ဦး အနက် မယ်စကြာဝဠာ(မြန်မာ) သရဖူအား အလှမယ် ဇွန်သံစဉ်က ရရှိခဲ့သည်။ မယ်စကြာဝဠာ(မြန်မာ) ၂၀၁၇...
ပေကျင်း၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားနေ့ကိုကြိုဆိုဂုဏ်ပြုသည့်နိုင်ငံတော်အလံလွှင့်တင်ပွဲအခမ်းအနားကို ပေကျင်းမြို့ ထျန်းအန်းမင်ရင်ပြင် တွင်ကျင်းပခဲ့ရာ ပြည်သူထောင်ပေါင်းများစွာလာရောက်ကြည့်ရှုအားပေးခဲ့ကြပါတယ်။
မလေးရှား၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ မီတာ ၃ဝဝ အမြင့်ရှိသော မျှော်စင်ပေါ်မှ ကောင်းကင်ဒိုင်ဗင်သမား ၁ဝဝ ကျော်တို့ အပြိုင်အဆိုင် ခုန်ချမှု ပြုလုပ်ခဲ့ကြသည်။ ထိုအားကစားမှာ မလေးရှားနိုင်ငံတွင် အလွန်စိတ်ဝင်စားလာကြသည့် ကစားနည်းတစ်မျိုးလည်းဖြစ်သည်။ ကွာလာလမ်ပူမျှော်စင် တည်ဆောက်ခြင်း နှစ် ၂ဝ ပြည့်အထိမ်းအမှတ်အဖြစ်...