ရန်ကုန် ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အသင်း နှင့် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း တို့မှ ပူးပေါင်းဆောင်ရွက် သည့် မြန်မာ နိုင်ငံ အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန် တွင် ဆောင်ရွက်ရမည့်...
ပြုံယမ်း ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင် နှင့် မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအမ်တို့သည် ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားဖျက်သိမ်းရေး နည်းလမ်းများအတွက် ပထမဆုံးအကြိမ်အဖြစ် သဘောတူညီမှုရရှိခဲ့ကြောင်းသိရသည်။ ပြုံယမ်းမြို့၌ ပြုလုပ်သည့် ရုပ်မြင်သံကြားသတင်းစာရှင်းလင်းပွဲတွင် မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအမ်နှင့် တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင်တို့က ပြောကြားခဲ့သည်။(Xinhua)
ပြုံယမ်း ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင် နှင့် မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအမ်တို့သည် စက်တင်ဘာလ ၁၈ ရက်နေ့က ပြုံယမ်းတွင် ဆွေးနွေးခဲ့ကြပြီးနောက် သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ထို့အပြင် ပြုံယမ်းမြို့၌ ပြုလုပ်သည့် ရုပ်မြင်သံကြားသတင်းစာရှင်းလင်းပွဲတွင် တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင်ကလည်း ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားဖျက်သိမ်းရေး နည်းလမ်းများအတွက် ပထမဆုံးအကြိမ်အဖြစ်...
ဝါရှင်တန်၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့ကမ်းရိုးတန်းရှိ မြောက်ကာရိုလိုင်းနား နှင့်တောင်ကာရိုလိုင်းနား ပြည်နယ်များ တွင် Florence ဟာရီကိန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးသူ ၂၃ ဦးရှိပြီဖြစ်ကြောင်း သိရသည်။ Florence ဟာရီကိန်းသည် စက်တင်ဘာ ၁၄ ရက်တွင် အမေရိကန် အရှေ့ပင်လယ်ကမ်းခြေကို ရောက်ရှိ လာပြီး...
ပြုံယမ်း၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင်း နှင့် ဇနီး သည် တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပရန် စက်တင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းက က မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းသို့ရောက်ရှိလာခဲ့ရာ မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်နှင့် ဇနီးတို့က ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။...
ပြုံယမ်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပရန် တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင်း က မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းသို့ရောက်ရှိလာခဲ့သည့်မြင်ကွင်းအပြည့်အစုံကို အောက်ပါလင့်ခ်မှတစ်ဆင့်ကြည့်ရှုနိုင်ပါသည်။(Xinhua)
အီဂျစ်၊စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) Nada Attia ဆိုသည့် အီဂျစ်နိုင်ငံသူတစ်ဦးမှာ မြေပြင်မှ အမြင့်ပေ ၁ဝဝဝဝ တွင် ဘဲလေးအက ကို ကပြခဲ့သူဖြစ်သည်။ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်သည့် နာဒါမှာ ဘဲလေးအက ကို ရူးသွပ်လွန်းသူတစ်ယောက်ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုအစဉ်အလာများကြောင့် သူမသည် မြေပြင်တွင် ဘဲလေးအက ကို...
ဟေပေ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အထင်ကရနေရာတစ်ခုဖြစ်သည့် မဟာတံတိုင်းကြီး၏ နေထွက်ချိန်အလှကို ဓါတ်ပုံဆရာတစ်ဦးက ဟေပေပြည်နယ် တွင် အမိအရ မှတ်တမ်းတင်နိုင်ခဲ့သည်။ တိမ်စိုင်တိမ်တိုက်များ အကြားတွင် မဟာတံတိုင်းကြီး၏ ရှုမျှော်ခင်းမှာ လွမ်းမောဖွယ် ကောင်းလှသည်။ မင် မင်းဆက်ကတည်းက တည်ဆောက်ခဲ့သည့် မဟာတံတိုင်းကြီးမှာ ယနေ့ထက်တိုင် ပြည်တွင်းပြည်ပဧည့်သည်တော်များကို ဆွဲဆောင်ထားနိုင်လျက်ရှိသည်။...